မိုင်ယာမီမှာညစာအတူစားရင်း အချိန်ဖြုန်းခဲ့ကြတဲ့ ဘက်ခမ်း၊ မက်ဆီနှင့် ဘူးစ်ကွတ်တို့စုံတွဲ..

//s9.kh1.co/c3/c399446f05718d0333346a952fabddffc696c975.jpg
အားကစားသတင်းများ

 ၃၁-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၉ လ က

မိုင်ယာမီမှာ အတော်လေးပျော်နေကြပုံပါပဲ..

အင်တာမိုင်ယာမီရဲ့ ဘောလုံးအကျော်အမော်တွေဖြစ်ကြတဲ့ ဒေးဗစ်ဘက်ခမ်း၊ မက်ဆီနှင့် ဘူးစ်ကွတ်တို့ဟာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမှာရှိတဲ့ Hotspot Gekko မှာ ညစာအတူစားသောက်ရင်း အချိန်ကုန်ဆုံးစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=636,h=382,q=100/aa/aae6685f9e0e2372e85ad2acf245c5a0631f05de.jpg

အဆိုပါညစာစားပွဲမှာ ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီးဖြစ်သူ ဗစ်တိုးရီးယားလည်းပါဝင်လာသလို မက်ဆီရဲ့ ချစ်ဇနီးလေး အန်တိုနီလာရိုကူဇိုလည်း ပါဝင်လာပါတယ်။ Hotspot Gekko ကို David Grutman နှင့် Bad Bunny တို့က ပူးတွဲပိုင်ဆိုင်ထားပြီး ဗစ်တိုးရီးယားရဲ့ Instagram ပုံအရ အဆိုပါညစာစားပွဲမှာ စားသောက်ဆိုင်ပိုင်ရှင်တွေလည်း ပါဝင်ခဲ့ကြောင်း သိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=929,q=100/ee/eebb66ccf1589207b8556c63f90da6b05e91fa88.jpg
https://s9.kh1.co/__image/w=650,h=839,q=100/c3/c34d86c6a186e775aed460c96ef882df6118a42b.jpg
https://s9.kh1.co/__image/w=650,h=892,q=100/b8/b8de19e6049007f4413d1333cb4a48b39912f833.jpg

ဒါ့အပြင် ဘူးစ်ကွတ်ရဲ့ချစ်သူ အယ်လီနာကလာရာလည်း အဆိုပါညစာစားပွဲမှာ ပါဝင်လာတာကို တွေ့ရပါတယ်။ ဥရောပရဲ့ဘောလုံးအကျော်အမော်တွေစုပြီး အင်တာမိုင်ယာမီမှာ အပျော်ခရီးထွက်နေတာလားလို့တောင် အောက်မေ့ရပါတယ်။ PSG မှာ ကောင်းကောင်းမပျော်ခဲ့ရတဲ့ မက်ဆီတို့စုံတွဲကတော့ မိုင်ယာမီမှာ အပျော်ကြီးပျော်နေကြပြီ ထင်ပါရဲ့..။

https://s9.kh1.co/__image/w=549,h=309,q=100/62/622e2f28357b77eea963e06f78ff25c5e2e5cf9b.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T