မိန်းကလေးတွေအတွက် ကြယ်ပုံစံနားကပ်ဒီဇိုင်းလေးများ

//s9.kh1.co/5b/5b484ad7c9080875b2d7fda197fc5679251bd4c5.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၉-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

မိန်းကလေးတွေအတွက် ကြယ်ပုံစံနားကပ်ဒီဇိုင်းလေးများ

https://s9.kh1.co/__image/w=650,h=813,q=100/ae/aeced4c71f3e202c5b938c4fce6e5882b796654a.jpg

ရိုးရှင်းပြီး အပိုကျောက်တွေမပါဘဲ ရွှေတစ်မျိုးတည်းနှင့်ဖန်တီးထားတဲ့ ဒီလိုဒီဇိုင်းတွေဟာလည်းငယ်ရွယ်တဲ့ကောင်မလေးတွေတင်မကဘဲ သက်လတ်ပိုင်းအမျိုးသမီးတွေအတွက်ပါ သင့်တော်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=1003,q=100/61/61539a48ef88ecf9684115c149021c3d0f1a191c.jpg

ကြယ်ပုံစံအကွင်းကို နားရွက်ပေါ်မှာ ဒီလိုတိုက်ရိုက်မြင်နေရမယ့်ဒီဇိုင်းကလည်း အတော်လေးမိမိုက်တယ်လို့ယူဆနိုင်ပါတယ်။ များသောအားဖြင့် ဒီလိုနားကွင်းတွေကိုအဝိုင်းကြီးတွေပဲ ဝတ်လေ့ရှိကြပေမဲ့ ကြယ်ပုံစံကလည်းထူးခြားပြီး အသစ်အဆန်းဖြစ်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=662,q=100/ff/ff5b1636420c945d1d6fcf2a0c8cac80f2fad630.jpg

အလည်ကကျောက်အဖြူရောင်နှင့်ဘေးဖက်ကအချွန်လေးတွေကြောင့် ဒီလိုကြယ်ပုံစံနားဆွဲလေးဟာ ကြယ်ဆိုတာထက် နှင်းပွင့်လေးတွေနှင့်တူတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=757,q=100/f5/f599d4bc2e77012efcd6be0ee7a9dcd386b45c69.jpg

နားကပ်သဘောကျပေမဲ့ အကြီးကြီးတွေမကြိုက်ဘူးဆိုတဲ့ ကောင်မလေးတွေစမ်းကြည့်သင့်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ကြယ်ပုံစံမပေါ်ဘူးလို့ထင်ရပေမဲ့ အနီးကပ်ကြည့်ရင် ကြယ်အစုအဝေးလေးတစ်ခုလိုမျိုးဖြစ်တည်နေတာကိုတွေ့နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=751,q=100/9d/9d2d5d4e1c67fa87da1258f3031409a40ee17b66.jpg

အရွယ်အစားကြီးမားပေမဲ့ ကြယ်တွေကိုသဘောကျတတ်တဲ့သူဆိုရင်တော့ ဒီနားကပ်လေးကိုစမ်းသပ်ကြည့်သင့်ပါတယ်။ ကျောက်အဖြူအသေးလေးတွေကိုစီထည့်ထားတာကြောင့် တောက်ပပြီးတော့ ကြယ်လေးတွေအများကြီးရှိနေတဲ့ပုံပေါ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/f6/f636b133032a1fdb07a8fbedff73137bd6dad276.jpg

လူငယ်ဆန်ဆန်လေးဖြစ်တဲ့အပြင် ချိန်းကြိုးလေးပါပါတာကြောင့် အဝေးကနေကြည့်ရင် ဒီနားဆွဲလေးဟာကြယ်လေးလင်းလက်နေသလိုပုံပေါ်စေမှာဖြစ်ပါတယ်။ နားကပ်အလယ်ကအဖြူရောင်ကျောက်ကြောင့် အလှပိုပေါ်စေနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T