အဝတ်အစားတွေကို ကိုယ်ဝတ်ဆင်ချင်တဲ့အချိန်အလွယ်တကူယူနိုင်ဖို့နှင့် စနစ်တကျဖြစ်စေဖို့ဆိုရင် အခုလိုမျိုးအမျိုးအစားတူအထည်တွေကိုသီးသန့်ခွဲထားသင့်ပါတယ်။ ဂျင်းဘောင်းဘီနှင့်တစ်ခြားဘောင်းဘီအရှည်တွေကိုအခုလိုမျိုးထည့်ထားပြီး အဆင်ပြေအောင်ခွဲထားလို့ရပါတယ်။
နေ့စဥ်နီးပါးဝတ်ဖြစ်တဲ့အဝတ်တွေနှင့် တစ်ချို့အပေါ်ဝတ်တွေကို တန်းတစ်ခုထဲမှာသီးသန့်ထားထားခြင်းက သိမ်းဆည်းရလွယ်ကူစေသလို လိုအပ်တဲ့အချိန်လည်းအလွယ်တကူယူဖို့အဆင်ပြေစေပါတယ်။ ဖိနပ်တွေကိုလည်း စီးနေကျဖိနပ်တွေနှင့်တစ်ခါတစ်ရံမှထုတ်စီးဖြစ်တာတွေကို ခွဲခြားထားမယ်ဆိုရင် အဆင်ပြေမှာဖြစ်ပါတယ်။
လျှာဦးထုပ်အပါအဝင် တစ်ခြားဦးထုပ်တွေကိုလည်း ပုံးထဲမှာရောပြီးထည့်လိုက်တာမျိုးထက် အခုလိုမျိုးစနစ်တကျလေးခွဲထားပြီးထည့်ထားရင် ပိုအဆင်ပြေမှာဖြစ်ပါတယ်။
အဝတ်တွေကို အရောင်အလိုက်ခွဲခြားထားရင်လည်း ရှာတဲ့အခါအလွယ်တကူတွေ့နိုင်မှာဖြစ်ပါတယ်။ အဝတ်အထည်ရဲ့အသားအလိုက် တွန့်ကြေမှုနည်းတဲ့အဝတ်တွေကို ချိတ်ထားတာ တစ်ခြားအဝတ်တွေကို ခေါက်တာမျိုးလုပ်နိုင်ပါတယ်။
သီးသန့်ပွဲလမ်းသဘင်နှင့် အခမ်းအနားတွေမှာဝတ်မယ့်အဝတ်တွေကို ဖယ်ထားပြီးတော့ သီးသန့်သိမ်းပေးထားရပါမယ်။ ဒီလိုခွဲထားခြင်းက အဝတ်တွေကိုပိုပြီးသပ်ရပ်အောင်လုပ်ပေးနိုင်သလို လိုအပ်လာရင်မြန်မြန်ဆန်ဆန်ရှာတွေ့အောင်ပါကူညီပေးနိုင်ပါတယ်။