အမျိုးသားများအတွက် ရိုးရှင်းတဲ့ရုံးသွားဖက်ရှင်များ

//s9.kh1.co/b1/b1101b2003cc720b2666b351690bcac20023a8e0.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၀-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

အမျိုးသားများအတွက် ရိုးရှင်းတဲ့ရုံးသွားဖက်ရှင်များ

https://s9.kh1.co/__image/w=564,h=846,q=100/c4/c4d32a09449aeaed50c8f758081201de19abe3d5.jpg

သာမာန်ပလိန်းတီရှပ်နှင့် စတိုင်ပင်ဘောင်းဘီဟာ အမျိုးသားတိုင်းနှင့်လိုက်ဖက်ပြီးတော့ ရုံးသွားဖို့ဖက်ရှင်အနေနှင့်အသင့်တော်ဆုံးလို့ဆိုနိုင်ပါတယ်။ ရုံးသွားရုံးလာအပြင် ဒီလိုဖက်ရှင်ဟာထသွားထလာအခြေအနေတွေမှာပါဝတ်ဆင်ဖို့အဆင်ပြေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=788,q=100/ea/ea1b5dd13e68b7bea095e6560302118cbe93817e.jpg

ပိုလိုရှပ်တွေနှင့် Pant တွေဟာလည်း အမျိုးသားတိုင်းသဘောကျတဲ့ဖက်ရှင်အတွဲအစပ်တစ်ခုပါ။ ပိုလိုရှပ်တွေရဲ့ ဒီဇိုင်းဟာရိုးရှင်းပြီးအထက်တန်းဆန်ပုံပေါ်တာကြောင့် ဝတ်ဆင်သူကိုလူကြီးလူကောင်းလိုမျိုးအသွင်အပြင်ကိုပေးစွမ်းပါတယ်။ 

https://s9.kh1.co/__image/w=367,h=652,q=100/71/71fede67aed1ce70cd9157c87d539f10bc3fd22a.jpg

တီရှပ်အဖြူနှင့် ဂျင်းကိုတွဲဖက်ဝတ်ထားပြီး အပေါ်ကနေ ရှပ်လက်ရှည်တစ်ထည်ထပ်ဝတ်ထားတာကလည်း ပုံမှန်အားဖြင့်တော့ ငယ်ရွယ်သေးတဲ့ကောင်လေးတွေဝတ်လေ့ရှိတာပါ။ ဒါပေမဲ့ ဒီလိုဖက်ရှင်ဟာလည်း ရုံးသွားရုံးလာဖို့အတွက် အဆင်ပြေပြီးတော့ ရှင်းသန့်ပြီးလန်းဆန်းတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=527,h=640,q=100/ec/ec140d72812608d6f5db65c6f51f097b69f16c91.jpg

Sweatshirt တွေနှင့် စတိုင်ပင်တွေကိုတွဲဝတ်တာကလည်း အမျိုးသားတွေကြားမှာရေပန်းစားတတ်တဲ့ဖက်ရှင်အတွဲအစပ်ဖြစ်ပါတယ်။ အမျိုးသားအများစုဟာ ဒီလိုဝတ်လေ့မရှိကြပေမဲ့ ဒီလိုဖက်ရှင်ကလည်းလူကိုတည်ငြိမ်ပုံပေါ်ပြီး လူကြီးလူကောင်းအသွင်အပြင်ဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=646,q=100/2e/2ef6f5eba4c662ffb130b8f7a798156dc004cde5.jpg

ရိုးရှင်းတဲ့ပလိန်းရှပ်လက်ရှည်တွေနှင့် Pant တွေရဲ့အတွဲအစပ်ကလည်း အရိုးရှင်းဆုံးဖြစ်သလို အမိမိုက်ဆုံးလည်းဖြစ်ပါတယ်။ လူငယ်တွေသာမက သက်လတ်ပိုင်း နှင့် အသက်အကြီးပိုင်းအမျိုးသားတွေအတွက်ပါ ဒီလိုဖက်ရှင်ဟာရုံးသွားဖက်ရှင်တစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T