Physical 100 မှာပါဝင်လာခဲ့တဲ့ မင်းသား Lee Jae Yoon

//s9.kh1.co/7b/7b9001185c4ad431de1ae3d7d8dea2db49035b1b.jpg
အနုပညာရှင်များ

 ၀၄-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော တစ်လ က

Physical 100 မှာပါဝင်လာခဲ့တဲ့ မင်းသား Lee Jae Yoon

Physical 100  အစီအစဥ်ဟာ တောင်ကိုးရီးယားနိုင်ငံအနှံ့က မတူညီတဲ့အားကောင်းမောင်းသန်လူတွေအများကြီးစုဝေးပြီး ခန္တာကိုယ်အင်အားကိုပြိုင်ဆိုင်ကြတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် အားကစားသမားတွေကနေစပြီးတော့ နပမ်းသမားတွေ ရဲဝန်ထမ်းတွေ အစရှိတဲ့ ခန္တာကိုယ်မိမိုက်တဲ့သူတွေအများကြီး လာရောက်ပါဝင်ကြတဲ့ရှိုးဖြစ်ပါတယ်။ ဒီရှိုးကိုအနိုင်ရသူဟာ တောင်ကိုးရီးယားဝမ် ၃၀၀ မီလီယံဆုကြေးကိုရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=1000,q=100/82/82c5c83f0a5d178a3d4895dad72ad48d69ebe5b7.jpg

မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ Season 2 မှာတော့ ပါဝင်သူတွေထဲမှာ ပရိတ်သတ်တွေဟာ အံ့ဩစရာကောင်းတဲ့သူတစ်ယောက်ကိုတွေ့ခဲ့ကြပါတယ်။ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ Lee Jae Yoon ဟာ အရင်တုန်းကမမြင်ဖူးတဲ့အသွင်အပြင်ခန္တာကိုယ်နှင့် ရှိုးမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ မင်းသားဟာ ပွဲဦးထွက်တာကြာလာခဲ့ပေမဲ့ အရေးပါတဲ့ဇာတ်ကောင်တွေသရုပ်ဆောင်ရတာမျိုးမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=558,h=680,q=100/6e/6e8033fd7e04d3a425c87ce8a122ee41b3218f2b.jpg

ဒီရှိုးကနေတစ်ဆင့် မထင်မှတ်ထားတဲ့ခန္တာကိုယ်အနေအထားတွေကိုချပြလိုက်တဲ့အခါမှာတော့ Lee Jae Yoon ဟာပရိတ်သတ်တွေကြားမှာ အတော်လေးနာမည်ကြီးသွားခဲ့ပါတယ်။ ဒီအစီအစဥ်အပြီးမှာတော့ Lee Jae Yoon ကို ပိုကောင်းမွန်တဲ့ဇာတ်လမ်းတွေမှာ တွေ့ခွင့်ရမယ်လို့ပရိတ်သတ်တွေက မျှော်လင့်နေကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=705,q=100/9a/9aa3d96667cc499352ecbd209dff4a5937a19b06.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T