တစ်ခါမှမမြင်ဖူးသေးတဲ့ ဆံပင်ဒီဇိုင်းနှင့်ပရိတ်သတ်တွေရှေ့ကိုရောက်လာခဲ့တဲ့ BlackPink Rose

//s9.kh1.co/85/85bfba31482ad726d0833b56f4920bc53f42b1f3.jpg
ဖျော်ဖြေရေးများ

 ၀၉-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂၁ ရက် က

တစ်ခါမှမမြင်ဖူးသေးတဲ့ ဆံပင်ဒီဇိုင်းနှင့်ပရိတ်သတ်တွေရှေ့ကိုရောက်လာခဲ့တဲ့ BlackPink Rose

BlackPink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rose ဟာ သူ့ရဲ့ဖြောင့်စင်းတဲ့ဆံပင်တွေကြောင့် ပရိတ်သတ်တွေကြားမှာနာမည်ကြီးပါတယ်။ အထူးသဖြင့် ဆံပင်ရှည်ကို အရောင်အမျိုးမျိုးဆိုးလေ့ရှိပေမဲ့ သိသိသာသာဒီဇိုင်းပြောင်းလေ့မရှိတဲ့ ရို့စ်ဟာ ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေတစ်ခါမှမတွေ့ဖူးတဲ့ ဆံပင်ပုံစံကိုပြောင်းလဲခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/f7/f7a7a437c8c8566b4a5eeef5ca6a4e03b25c9290.webp

Dazed မဂ္ဂဇင်းအတွက် မျက်နှာဖုံးပုံတွေမှာ ရို့စ်ဟာသူမနှင့်အလိုက်ဖက်ဆုံးဖြစ်တဲ့ ရွှေရောင်ဆံပင်ကို လှလှပပကောက်ထားတဲ့ပုံစံလေးနှင့်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဆံပင်အကောက်ကိုလုပ်လေ့မရှိတာကြောင့် ဒီအသွင်အပြင်ဟာပရိတ်သတ်တွေအတွက် ထူးခြားနေပါတယ်။ 

https://s9.kh1.co/__image/w=650,h=811,q=100/19/19ef4cbf1bd81620f0ac0bf774d8b09092ab0d35.webp

ဒါ့အပြင် ကောက်ကွေးနေတဲ့ရွှေရောင်ဆံပင်လေးတွေနှင့် အလှကြီးလှနေတဲ့ ရို့စ်ကိုပရိတ်သတ်တွေက အတော်လေးသဘောကျနေကြတာဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းဓာတ်ပုံဟာ ရို့စ်အနေနှင့် YG ကနေထွက်လာပြီးနောက်ပိုင်းမှာ ပထမဆုံးအနေနှင့်စတင်လုပ်ကိုင်တဲ့အလုပ်လည်းဖြစ်ပါတယ်။ ရွှေရောင်ဆံပင်လေးတွေနှင့်လှလွန်းတဲ့ရို့စ်ရဲ့ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/3d/3d352d3b861c9bcefe6f62ba38d75d9220dfc64f.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T