အလုပ်တစ်ခုကို သာမာန်ထက်ပိုပြီးမြန်မြန်နှင့်မှန်မှန်ကန်ကန်အောင်မြင်အောင်လုပ်နိုင်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ အလုပ်တွေကို ရက်အလိုက် ဒါမှမဟုတ် အပတ်အလိုက်လုပ်ရမယ့်တာဝန်နှင့်လုပ်ငန်းစဥ်တွေခွဲထားခြင်းဟာ အလုပ်ကိုပိုခရီးတွင်စေနိုင်ပါတယ်။ ရေရှည်အစီအစဥ် ရေတိုအစီအစဥ် တွေဆွဲထားခြင်းဟာ အလုပ်ပိုတွင်ကျယ်စေပြီးတော့ မြန်မြန်ပြီးမြောက်အောင်ကူညီနိုင်မှာပါ။
အရေးကြီးတာနှင့်မကြီးတာကို ခွဲခြားသိတတ်ဖို့လည်းလိုအပ်ပါသေးတယ်။ အရေးကြီးတဲ့အလုပ်တွေကို ပိုဦးစားပေးရမှာဖြစ်ပြီးတော့ အရေးမကြီးတဲ့အကြောင်းအရာတွေကိုတော့ နောက်ချန်တတ်ဖို့လည်း သင်ယူရမှာပါ။ ဒါ့အပြင် သင်ယူတတ်ဖို့ကလည်းအရေးကြီးတဲ့အချက်ပါ။ အလုပ်တိုင်းမှာ သင်ယူစရာတွေအများကြီးရှိနေနိုင်ပါတယ်။
ဒီအချက်တွေကိုအသုံးပြုပြီးတော့ ကိုယ့်ရဲ့အလုပ်ကိုပိုတွင်အောင်လုပ်နိုင်ရပါမယ်။ တစ်ချိန်တည်းမှာ အလုပ်တွေပြိုင်လုပ်တာမျိုးမလုပ်ဘဲ ဆိုရှယ်မီဒီယာနှင့်တစ်ခြားအရေးမပါတဲ့အကြောင်းအရာတွေကို အလွယ်တကူဖယ်ထုတ်တတ်အောင် သင်ယူရပါမယ်။ အလုပ်အပြင် နေ့စဥ်ဘဝကိုလည်း စည်းစနစ်တကျဖြစ်အောင် လည်ပတ်နိုင်ဖို့သင်ယူပေးရပါမယ်။