ကိုယ်စတင်တဲ့အလုပ်တွေအားလုံးကိုအဆုံးသတ်နည်း

//s9.kh1.co/bf/bf49fdda1053c27e29a23147bf839ef5655e8672.jpg
MPT Lifestyle

 ၂၈-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၁၈ ရက် က

ကိုယ်စတင်တဲ့အလုပ်တွေအားလုံးကိုအဆုံးသတ်နည်း

လူတော်တော်များများကိုအလုပ်တွေကိုစတင်တတ်ကြပေမဲ့ ပြီးမြောက်အောင်လုပ်နိုင်ကြလေ့မရှိပါဘူး။ ဒီလိုစတင်လိုက်တဲ့အလုပ်မှန်သမျှကိုပြီးမြောက်အောင် လုပ်ဖို့အတွက် အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲဦးတည်ပြီးလုပ်ခြင်းက ကောင်းမွန်တဲ့ရလာဒ်တွေကိုဖြစ်လာစေမှာပါ။ အလုပ်တွေကို တစ်ပြိုင်ထဲလုပ်ခြင်းထက် တစ်ကြိမ်မှာတစ်ခုကိုအားစိုက်ထုတ်ပြီးလုပ်လိုက်ခြင်းက ပိုပြီးခရီးတွင်စေပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/b4/b470630a61388a58972a4f869b5a0182dc535a98.jpg

အလုပ်စလုပ်ပြီဆိုတာနှင် အနှောင့်အယှက်တွေကြုံရရင်‌တောင် နောက်ဆုတ်သွားတာမလုပ်ဘဲ လုပ်လက်စကိုပြီးသွားအောင်လုပ်ရပါမယ်။ ပြီးတော့ လုပ်မယ်လို့စဥ်းစားထားတဲ့အချိန်မှာ ထလုပ်တာဟာအကောင်းဆုံးပဲဖြစ်ပါတယ်။ မဟုတ်ရင် အချိန်တွေကုန်သွားပြီး လုပ်ငန်းမတွင်ဖြစ်စေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/f3/f315e8461ce12c8f69a7effac9580e0c1a7aba5e.jpg

စလုပ်နေပြီဆိုတာနှင့် အဆုံးသတ်အထိလုပ်သွားမယ့်စိတ်ကူးကိုထည့်ပြီးတော့ အခက်အခဲတွေရှိရင်တောင်လက်မလျှော့ဖို့လိုအပ်ပါတယ်။ နောက်ဆုံးကောင်းကောင်းပြီးမြောက်သွားရင် ကိုယ့်ကိုယ်ကိုယ်ချီးကျုးပေးပြီး အသိအမှတ်ပြုပေးတာကလည်း နောက်အလုပ်တွေကိုဆက်ပြီးလုပ်သွားဖို့တွန်းအားဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=779,q=100/cf/cf349dea1600e813d8e95a4fdd86933d35f9340a.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T