True Beauty ဇာတ်ကောင်နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံပွဲ

//s9.kh1.co/32/32b94b854d2b633176e699bceb2eb909676903aa.jpg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၅ ရက် က

True Beauty ဇာတ်ကောင်နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံပွဲ

Cha Eun woo နှင့် Moon Ga Young ဟာ True Beauty ဆိုတဲ့ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ နှစ်ယောက်သားဟာ ဇာတ်လမ်းထဲမှာ အတွဲညီခဲ့တဲ့အပြင် လိုက်ဖက်တာကြောင့် ပရိတ်သတ်တွေကိုယ်တိုင်တောင် သဘောတူခဲ့ရတဲ့အတွဲလေးဖြစ်ပါတယ်။ ဒီဇာတ်ကားအပြီးမှာ နှစ်ယောက်သားဟာ အောင်မြင်တဲ့မင်းသားမင်းသမီးတွေအဖြစ်ဆက်ရှိနေခဲ့ကြတာပါ။

https://s9.kh1.co/__image/w=650,h=433,q=100/21/21ac787779f6583d6dbb8cf9134fff5026d03890.webp

မနှစ်ကတော့ နှစ်ယောက်သားဟာကြော်ညာတစ်ခုအတူရိုက်ကူးပြီး စုံတွဲပုံလေးတွေတင်လာတာကြောင့် ပရိတ်သတ်တွေကြားမှာ နှစ်ယောက်ဟာတွဲနေကြတာလားဆိုတဲ့မေးခွန်းတွေဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကြော်ညာသက်သက်ပဲဖြစ်ပြီးတော့ တွဲနေတယ်ဆိုတဲ့သတင်းတွေကတော့ ထွက်ရှိလာခြင်းမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=473,q=100/d8/d830d4a86645c40ea635da6d44fd5da7b089c4d2.webp

မေလတစ်ရက်နေ့မှာ‌တော့ နှစ်ယောက်သားဟာ Hanwha Life Insurance ကနေကျင်းပတဲ့ သီးသန့်ပွဲတစ်ခုမှာတက်ရောက်လာပြီးတော့ အတူရှိနေခဲ့ကြပါတယ်။ နှစ်ယောက်လုံးဟာ ပွဲအတွင်းမှာရင်းရင်းနှီးနှီးနှင့်ရှိနေခဲ့ကြတဲ့အပြင် လိုက်ဖက်လွန်းတဲ့ Visual တွေကလည်း ပရိတ်သတ်တွေကိုအတော်လေးဝမ်းသာစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/ef/eff2040677138751f1bc2e46eac750da293de142.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T