Cross set လိုမျိုးပုံစံကျအောင် တစ်ခါတည်းရယ်ဒီချုပ်ပြီးသားအထည်တွေဟာလည်း လူငယ်တွေကြားမှာအတော်လေးရေပန်းစားပါတယ်။ ဒီလိုအင်္ကျီတွေဟာ ဝတ်ဆင်သူရဲ့ခန္ဓာကိုယ်ကိုအတော်လေးကျော့ရှင်းလှပစေပြီးတော့ သွယ်လျစေပါတယ်။
ရှည်အဖြူတွေနှင့်တွဲဝတ်တဲ့ ဒီလိုကြိုးတွေပါဝင်တဲ့ Cross Set Top ကလည်းပဲ လူငယ်တွေကြားမှာရေပန်းစားနေတဲ့ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုအထည်ဒီဇိုင်းဟာ Vintage ဆန်တဲ့အပြင် ဝတ်ဆင်သူကိုကျော့ရှင်းတဲ့အသွင်အပြင်ဖြစ်စေပါတယ်။
သားရေလိုမျိုးအသားနှင့်ဖန်တီးထားတဲ့ ဒီလိုဒီဇိုင်းတွေကလည်းပဲ လူငယ်တွေတင်သာမက လူလတ်ပိုင်းအမျိုးသမီးတွေကြားမှာပါ နာမည်ကြီးတဲ့ဒီဇိုင်းဖြစ်ပါတယ်။
Cross Set ဒီဇိုင်းကိုပိတ်စနှင့်လုံးဝစပ်ချုပ်ထားတဲ့ဒီလိုပုံစံတွေကတော့ အတော်လေးနာမည်ကြီးပြီးတော့ လူငယ်ဆန်ပါတယ်။ ဒီဇိုင်းသာမက ပုံစံကိုပါအမျိုးမျိုးထွင်ဝတ်လို့ရတဲ့အပြင် Outfit တော်တော်များများနှင့်လိုက်ဖက်နိုင်တဲ့ ပုံစံလည်းဖြစ်ပါတယ်။
Cross Set လို့ဆိုပေမဲ့ ဒီဇိုင်းအနေနှင့် ရင်ပြတ် Top တွေနှင့်ဆင်တူတဲ့ဒီလိုဒီဇိုင်းပုံစံကလည်းလူငယ်တွေကြားမှာအတော်လေးနာမည်ကြီးပါတယ်။ ချစ်စရာကောင်းတဲ့ပုံလေးဖြစ်စေတဲ့အပြင် အောက်ခံအင်္ကျီနှင့်ခွဲပြီးမှလည်း ဝတ်ဆင်နိုင်တာကြောင့် fashion ကျတယ်လို့သတ်မှတ်ရတဲ့ဒီဇိုင်းဖြစ်ပါတယ်။