သက်တံ့ရောင်လိုမျိုးအရောင်စုံရောစပ်ထားတာတွေဟာ အရင်တုန်းကတော့ လူကြိုက်မများခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ လူငယ်တွေကြားမှာ Trend တစ်ခုလိုဖြစ်လာပြီးလူကြိုက်များလာပါတယ်။
အညိုရောင်နှင့်အစိမ်းရောင်ကို အခုလိုမျိုးလှလှပပစပ်ထားတာကလည်း Sneaker ကိုပိုလှသွားစေသလို ထူးခြားတဲ့ပုံစံလေးဖြစ်သွားစေပါတယ်။
အခုလိုမျိုး အရောင်စိုပြီးတောက်ပတာတွေကို စပ်ထားတာကလည်း Sneaker အနေနှင့်ဆို တစ်မျိုးကြည့်လို့ကောင်းသွားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အမျိုးသားတွေနှင့်ပိုပြီးလိုက်ဖက်မယ့် ပုံစံဖြစ်ပါတယ်။
အနုမြူစိမ်းလိုမျိုးအရောင်နှင့် နီယွန်လိမ္မော်ကိုတွဲထားတဲ့ ဒီလိုအရောင်စပ် Sneaker ကလည်းခေတ်ဆန်ပြီးတော့ ဖက်ရှင်ကျတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ အထူးသဖြင့် ညဖက်ပွဲတော်တွေနှင့် ကလပ်လိုမျိုးနေရာတွေမှာ စီးရအဆင်ပြေစေမယ့်အရောင်စပ်ဖြစ်ပါတယ်။
ခရမ်းရောင်ကိုမှ အနုအရင့်မခွဲဘဲ အဖြူနှင့်ရောထားတာကလည်း အတော်လေးကြည့်ကောင်းတဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် Outfit တော်တော်များများနှင့်တွဲဝတ်လိုက်ဖက်နိုင်တဲ့ အရောင်စပ်ဖြစ်ပါတယ်။
ဆောင်းဦးလိုမျိုးခံစားချက်ကိုပေးနိုင်တဲ့ ဒီအရောင်စပ်ဟာလည်း လူငယ်တွေကြားမှာနာမည်ကြီးပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေအတွက် ဖက်ရှင်ကျစေနိုင်တဲ့ အသွင်အပြင်ဖြစ်စေတဲ့ အရောင်စပ်ဖြစ်ပါတယ်။