Gossip Girl ထဲကဇာတ်ဝင်ခန်းလိုမျိုးအတူတွဲတွေ့ရတဲ့ Jennie နှင့် Rose

//s9.kh1.co/cb/cb47d2a22e41d99744c5ffbfd59a91ea84da588d.jpg
MPT Korea Celebrity

 ၀၇-မေ-၂၀၂၄ ၉am · လွန်ခဲ့သော ၁၂ ရက် က

Gossip Girl ထဲကဇာတ်ဝင်ခန်းလိုမျိုးအတူတွဲတွေ့ရတဲ့ Jennie နှင့် Rose

Jennie နှင့် Rose ဟာ မကြာသေးခင်က ကိုယ်ပိုင်အလုပ်တွေကြောင့် နယူးယောက်မြို့ကိုသွားခဲ့ကြတာဖြစ်ပါတယ်။ နယူးယောက်မြို့မှာ အလုပ်မတူပေမဲ့အချိန်ပေးပြီး တွေ့ခဲ့ကြတဲ့အပြင် နှစ်ယောက်သားပုံလေးတွေကို ဒရာမာထဲက ဇာတ်ဝင်ခန်းတွေလိုမျိုး ရိုက်ကူးပြီး အင်စတာဂရမ်မှာပါတင်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/98/98e83c4f51bfc928edc3b37d30b5fa978e30a165.webp

 Gossip Girl  ရဲ့နာမည်ကြီးစာသားဖြစ်တဲ့You know you love me xo xo  ဆိုတဲ့စာသားကို ရေးထားတဲ့ ပို့စ်မှာ နှစ်ယောက်သားဟာ လက်ချင်းတွဲပြီးတော့ နယူးယောက်မြို့လမ်းတွေပေါ်မှာ လွတ်လွတ်လပ်လပ်လျှောက်သွားနေကြတာဖြစ်ပါတယ်။ YG နှင့်စာချုပ်ကိစ္စတွေပြီးကတည်းက BlackPink အဖွဲ့ဝင်တွေကို အတူတွဲတွေ့ရတာမျိုးမရှိတာကြောင့် စိတ်ပူနေတဲ့ ပရိတ်သတ်တွေဟာ ဒီပုံတွေကြောင့် စိတ်အေးခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/49/49c8b448326c0bd312e0c8eabf7c8c17baf4198d.webp

ဂျင်းနီကတော့ Gentle Monster နှင့်ပူးပေါင်းထားတဲ့ Jentle Salon အတွက်ပွဲတက်လာတာဖြစ်ပြီးတော့ ရို့စ်ကတော့ Tiffany & Co ရဲ့ပွဲတစ်ခုကိုတက်ရောက်ဖို့ရောက်လာတာဖြစ်ပါတယ်။ ဂျင်းနီကတော့ Met Gala ပွဲကိုပါ တစ်ဆက်တည်းတက်ရောက်ခဲ့ပေမဲ့ Rose ကတော့ ကိုးရီးယားကို အလုပ်ကိစ္စကြောင့် ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/c8/c8173d43dac4daa50b4a2dc2952a9ab26fb1d6fc.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T