Valais Black nose သိုးကတော့ ဂျာမာန်ဘာသာ အခေါ်ဖြင့်Walliser Schwarznasenschaf လို့ခေါ်ပြီး ထူးခြားတဲ့ မျက်နှာပုံစံလေးကြောင့် နာမည်ကြီးပါတယ်။ ဆွစ်ဇာလန်နိုင်ငံ Valais ဒေသက Canton တောင်တန်းတွေက စတင် ပေါက်ဖွားလာခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ စံပြ တောင်ပေါ်သိုးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဩစတေးလျ ၊ ဂျာမနီ နဲ့ ဟော်လန်တို့မှာလည်း ကျယ်ပြန့်စွာ တွေ့ရတဲ့ Valais Black nose သိုးလေးတွေကို သားမွေး နဲ့ အသား အတွက် အဓိက အသုံးပြုလျကိ ရှိပါတယ်။ ခြေထောက် နဲ့ မျက်နှာပိုင်းလေးကို အနက်ရောင် အမွေးတို့နဲ့ ဖုံးအုပ်ထားပြီး ကျန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ နူးညံ့တဲ့ အဖြူရောင်အမွေးရှည်တို့နဲ့ ဖုံးအုပ်ထားပါတယ်။
ဒါအပြင် အနက်ရောင် နားရွက်လေးနဲ့ အမွေးကောက်ကောက်တို့မှာ ဒီသိုးတွေရဲ့ ထူးခြားချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Valais Black nose အထီးတစ်ကောင်ဟာ ပျမ်းမျှကိုယ်အလေးချိန် ၈၀ မှ ၁၃၀ ကီလိုဂရမ် ( ၁၈၀ မှ ၂၉၀ ပေါင် ) ရှိပြီး ၇၅ မှ ၈၃ စင်တီမီတာ ( ၃၀ မှ ၃၃ လက်မ ) ကြား ရှိပါတယ်။ အမတွေကတော့ ၇၀ မှ ၉၀ ကီလိုမီတာ ( ၁၅၀ မှ ၂၀၀ ပေါင် ) အလေးချိန် ရှိပြီး ၇၂ မှ ၇၈ စင်တီမီတာ ( ၂၈ မှ ၃၁ လက်မ ) အရှည် ရှိကြပါတယ်။ ဒီသိုးတွေဟာ တောင်ပေါ်ဒေသ ကျောက်တုံးကျောက်တန်း မြက်ခင်းပြင်တို့ ကျယ်ပြန့်စွာရှိတဲ့ နေရာတွေမှာ အဖွဲ့လိုက်အစုလိုက် နေထိုင်တတ်ကြတဲ့ သိုးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Valais Black nose လိင်နှစ်မျိုးစလုံးမှာ ခရုပတ်ပုံ ဦးချိုတို့ ပါရှိပြီး အထီးတွေမှာတော့ အနက်ရောင် အမြီးတို မပါရှိကြပါဘူး။
ပျမ်းမျှအားဖြင့် ၁၀ နှစ် မှ ၁၂ နှစ်ကြား ရှင်သန်နိုင်ကြတာကြောင့် Valais Black nose တွေဟာ အသက်ရှည်တဲ့ သိုးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေ နေထိုင်တတ်ကြပြီး နာခံတတ်တဲ့ ဒီသိုးတွေကို ၂၀၂၃ ခုနှစ် စာတမ်းတွေအရ အကောင်ရေ ၁၉၀၀၀ ကျော် ရှိတယ်လို့ သိရပြီး စနစ်တကျလည်း မွေးမြူထားကြပါတယ်။ အစိမ်းရောင် အရွက်အခက် ၊ မြက်တွေကို အဓိကစားတဲ့ အရွက်စားတိရစ္ဆာန်တစ်မျိုး ဖြစ်ပြီး ထူးခြားတဲ့ အမွေးတို့ကြောင့် ထင်းထွက်ကာ အခြားသိုးတွေထက် တန်ဖိုးလည်း များကြပါတယ်။ လက်ရှိမှာတော့ အကောင်ရေ ၉၀၀၀ ကျော် ဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပြီး စနစ်တကျ ပြန်လည် မွေးမြူမှုတွေလည်း ပြုလုပ်နေတဲ့ ချစ်စရာ သိုးမျိုးစိတ်လေး တစ်မျိုးပဲ ဖြစ်ပါတယ်။