Phoneutria ပင့်ကူတွေရဲ့အဆိပ်က ဘယ်လောက်ပြင်းလဲ

//s9.kh1.co/ba/ba5a9e6bfcab535f5f1709a0bd2868e2bd2ba42e.jpg
MPT

 ၀၇-မေ-၂၀၂၄ ၄pm · လွန်ခဲ့သော ၁၂ ရက် က

Phoneutria ပင့်ကူတွေရဲ့အဆိပ်က ဘယ်လောက်ပြင်းလဲ

Phoneutria ပင့်ကူ သို့မဟုတ် Brazilian Wandering Spider လို့ လူသိများတဲ့ ဒီပင့်ကူကတော့ Ctenidae မျိုးစုဝင် ပင့်ကူမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ တောင်အမေရိက နဲ့ အမေရိက အလယ်ပိုင်းတို့မှာ အဓိကတွေ့ရှိရပြီး ဘရာဇီးတောအုပ်တွေမှာလည်း ရံဖန်ရံခါ တွေ့ရတာကြောင့် Brazilian Wandering Spider လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Phoneutria ပင့်ကူတစ်ကောင်ဟာ ပျမ်းမျှ ခြေထောက်အရှည်မှာ ၅ မှ ၇ လက်မ ( ၁၃ မှ ၁၈ စင်တီမီတာ ) ရှည်ပြီး မျိုးစုဝင် အခြားပင့်ကူတွေထက် အကောင်အရွယ်အစား ပိုကြီးကာ ခြေတံ ပိုရှည်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/31/31c9e66c2d579cada6232265c203d0a5fe7c8b5e.jpg

အခြား ပင့်ကူမျိုးစိတ်တွေနဲ့ မတူဘဲ Phoneutria ပင့်ကူတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို စူးရှရှ အမွေးမျှင်ငယ် တို့နဲ့ ဖုံးအုပ်ထားကြပါတယ်။ အနက်ရောင် ၊ အညိုရင့်ရောင် တို့ ရှိတတ်ပြီး ခန္ဓာကိုယ်ရဲ့ အလယ်မှ အောက်ပိုင်းအထိ ဒေါင်လိုက် အစင်းကြောင်းနှစ်ကြောင်း နဲ့ Phoneutria ပင့်ကူတွေမှာ အပြင်ပိုင်းကြည့်မယ်ဆိုရင်တော့ တကယ့်ကို ချစ်စရာ ကောင်းပါတယ်။ ညအချိန်မှာ တောနက်ကို လှည့်လည်သွားလာပြီး သားကောင်ဖမ်းလေ့ ရှိပေမယ့် နေ့ခင်းဘက်တွေမှာတော့ ပင်စည် ၊ သစ်ကိုင်း နဲ့ ကျောက်ဆောင်များ သို့်မဟုတ် ငှက်ပျောပင်တွေမှာ ငြိမ်နေတာကို တွေ့ရတတ်ပါတယ်။ အလင်းမကြိုက်ဘဲ မှောင်မိုက်ပြီး စိုစွတ်တဲ့ နေရာတွေမှာ တွေ့ရတဲ့ Phoneutria ပင့်ကူတွေမှာ လူသိနည်းတဲ့ ပြင်းထန်တဲ့ အဆိပ်ဓာတ်တစ်မျိုး ပါရှိပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/33/33dc8d6f4d2a44d829b6f24bd58785a1c234d2f3.jpg

သေးငယ်တဲ့အကောင်နဲ့ မလိုက်အောင် ပြင်းထန်တဲ့ Phoneutria ပင့်ကူတွေရဲ့ အဆိပ်ဟာ အာရုံကြော ၊ ကြွက်သား နဲ့ အသက်ရှူလမ်းကြောင်းပိုင်းကို အဓိက တိုက်ခိုက်ပြီး သားကောင်ကို အမဲလိုက်ဖို့ရန် နဲ့ သူတို့ကို အန္တာရာယ်ပြုတဲ့အရာတွေမှသာ အဆိပ်ဓာတ် ထုတ်လွှင့်တတ်ကြပါတယ်။ လက်ရှိအထိမှာတော့ Phoneutria ပင့်ကူ ကိုက်မှုကြောင့် ‌ကလေးငယ် နှစ်ဦး သေဆုံးခဲ့ရပြီး သူတို့ရဲ့ အဆိပ်ဟာ ကိုက်ပြီး ၁၀ မိနစ်မှ မိနစ် ၂၀ အတွင်း အစွမ်းပြတာကြောင့် အတော့်ကို ပြင်းထန်တဲ့ အဆိပ်ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ လူသေဆုံးမှုတို့ ရှိခဲ့တာကြောင့် Phoneutria ပင့်ကူတွေဟာ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး ပင့်ကူမျိုးစိတ်ထဲက တစ်မျိုး ဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/d3/d3a89fa2a93246191fee0cf716e7a5f896bb0830.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T