သမီးလေး အန့်ဆိုင်းရဲ့ မွေးနေ့လေးကို အမှတ်တရလေးတွေနဲ့ ပျော်ရွှင်စရာကောင်းအောင် ကျင်းပပေးခဲ့တဲ့ အောင်လအန်ဆန် ရဲ့ ဗီဒီယို - Myanmarload

သမီးလေး အန့်ဆိုင်းရဲ့ မွေးနေ့လေးကို အမှတ်တရလေးတွေနဲ့ ပျော်ရွှင်စရာကောင်းအောင် ကျင်းပပေးခဲ့တဲ့ အောင်လအန်ဆန် ရဲ့ ဗီဒီယို

https://s9.kh1.co/e1/e1bc7e870aeb2f03c085d83a6dcfe9694cda464d.jpg
အားကစားသတင်းများ
 30-Jan-2021 12pm · 10 months ago

.

နိုင်ငံအလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်လအန်ဆန် ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ဒါ့အပြင် မိသားစုကိုလည်း အပြည့်အဝအချိန်ပေးသလို သူ့ရဲ့ လေ့ကျင်ခန်းတွေကိုလည်း အဆက်မပြတ်ပြုလုပ်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/cc/cc451887f7a656aa56a0cbc829d1244ce0838a4b.jpg
Photo Credit- aung la nsang(burmese python) ' s facebook page
https://s9.kh1.co/__image/w=600,h=800,q=100/a9/a9b593e4e2b7c06b54415c38641b33f59b136c0a.jpg
Photo Credit- aung la nsang(burmese python) ' s facebook page

အောင်လအန်ဆန် ရဲ့ ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေး အန့်ဆိုင်းနှစ်တို့ကလည်း ဖေဖေမေမေတို့အပြင် အောင်လအန်ဆန်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ချစ်နေရတာဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း မိသားစုရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို ဖော်ပြပေးတွေ့ရပါတယ်။ ယနေ့မှာတော့ သမီးလေး အန့်ဆိုင်းရဲ့ မွေးနေ့လေးကိုကျရောက်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/93/93293de456a9a7bad669555c4ff32a366da79a2e.jpg
Photo Credit- aung la nsang(burmese python) ' s facebook page
https://s9.kh1.co/__image/w=600,h=696,q=100/5b/5bd90d659680381f25936c27cc3db5c10739c114.jpg
Photo Credit- aung la nsang(burmese python) ' s facebook page

သမီးလေးရဲ့ မွေးနေ့လေးအတွက် အမှတ်တရလေးတွေနဲ့ ပျော်ရွှင်စရာကောင်းအောင် ကျင်းပပေးခဲ့တာကိုလည်း အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ယက်မှာဖော်ပြလာခဲ့ပါတယ်။ မွေးနေ့ပွဲလေး ကျင်းပနေတဲ့အထဲမှာတော့ အစ်ကိုဖြစ်သူ အောင်ဒီးက သူ့ရဲ့ ညီမလေးကို ရင်ခွင်ထဲမှာ ဖက်ထားပြီး အခြားမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေကလည်း အောင်လအန်ဆန် ရဲ့ သမီးလေး အန့်ဆိုင်းကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

သတင်းအရင်းအမြစ်Video Credit & Source- aung la nsang(burmese python) ' s facebook page

Zin Myo
Zin Myo

ဆက်စပ်ဆောင်းပါး