အမျိုသမီးတွေဟာဆိုရင် သူတို့ရဲ့ လက်သည်းတွေ ဆံပင်တွေကို အထူးဂရုစိုက် တန်ဖိုးထားကြလေ့ရှိပါတယ်။ တချို့ဆို မိမိတို့ရဲ့ လက်သည်းတွေကို အလှဆင်လေ့ရှိကြပြီး ဆံပင်တွေကိုလည်း အမျိုးမျိုး ပြုလုပ်တက်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ မိမိတို့ရဲ့ ဆံပင်တွေလက်သည်းတွေကို အရှည်ထားကြလေ့ရှိပါတယ်။ အဲ့လိုသူတွေထဲကမှ ဂင်းနစ်စံချိန်တင်ထားတဲ့ အမျိုးသမီးနှစ်ေယာက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Asha Mandela
တကယ့်လက်တွေ့ဘ၀ရဲ့ Rapunzel ကတော့ Floridaက ၅၅ပေရှည်လျာတဲ့ ဆံပင်ပိုင်ရှင် Asha Mandela ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံးအမျိုးသမီးဆိုတဲ့ ဂင်းနစ်စံချိန်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမအနေနဲ့လည်း သူမရဲ့ ဆံပင်ကို မြတ်နိုးတန်ဖိုးထားပြီး တကယ့်လက်တွေ့ဘ၀ရဲ့ Black Rapunzel လို့လူတွေက သိရှိကြပါတယ်။
Christine Walton
ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီးဖြစ်တာကြောင့် မိမိကိုယ်ကို ဂုဏ်ယူမိတဲ့သူမကတော့ Christine Walton ပဲဖြစ်ပါတယ်။ အသက်၄၅နှစ်ရှိပြီးဖြစ်ပြီး Las Vegasမှာနေထိုင်ပါတယ်။ သူမအနေနဲ့ လက်သည်းရှည်ထားရတာကို ကြိုက်နှစ်သက်ပြီး ခုလို လက်သည်းအရှည်ကြီးပိုင်ဆိုင်ထားလို့လည်း ပျော်နေတဲ့သူဖြစ်ပါတယ်။ သူမရဲ့ ညာဘက်လက်သည်းအရှည်ကတော့ ၉ပေ၇လက်မရှိပြီး ဘယ်ဘက်လက်သည်းကတော့ ၁၀ပေ၂လက်မရှိကာ စုစုပေါင်းအရှည်ကတော့ ၁၉ပေနဲ့၉လက်မရှိပါတယ်။ သူလိုလက်သည်းရှည်ကြီးထားဖို့ဆိုတာ မိန်းကတွေအနေနဲ့ တော်တော်ဂရုစိုက်ရမှာဖြစ်ပြီး ဖုန်းသုံးရင်လည်း စိတ်ရှည်ရမှာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist