အဆက်မပြတ် မိုးရွာသွန်းခဲ့တာကြောင့် နေအိမ်တွေပါ နစ်မြုပ်သွားရတဲ့အထိ ရေကြီးမှုတွေကို ကြုံတွေ့နေရတဲ့ ကရင်ပြည်နယ်အတွင်းက မြို့နယ်တချို့

//s9.kh1.co/61/61bcadebc0262e223105ea865f7be4221410402e.jpg
နေ့စဉ်သတင်းများ

 ၂၃-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာနိုင်ငံအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းက မြို့နယ်တချို့တွေမှာ တောင်ကျရေများဖြင့် ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာကို ကြားသိနေရပါတယ်။ အလားတူပင် မွန်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း အရင်နှစ်တွေထက် ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေရပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေပါ ခက်ခဲခဲ့လာတာ တွေ့လာရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း စိတ်မကောင်းစရာ သတင်းတစ်ခုကို ထပ်မံကြားသိခဲ့ရပါတယ်။ဒါကတော့ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ရပ်ကွက်အချို့က ပြည်သူတွေဟာ ရေလွှမ်းမိုးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က အဆက်မပြတ် မိုးရွာသွန်းခဲ့တာကြောင့် ဇမိမြစ်ရေ မြင့်တက်လာခဲ့ပြီး မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းများအရ ဇမိမြစ်ရေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ (၃၅) ပေ အနီးအထိကိုရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယမန်နှစ် မိုးတွင်းကာလတွေမှာလည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ရေကြီးမှုတွေကြောင့် လူသေဆုံးသွားတဲ့အထိလည်း ဖြစ်ခဲ့ရပါတယ်။ အလားတူ မြဝတီမြို့မှာလည်း မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ဟာ ရုတ်တရက်မြင့်တက်ခဲ့တာကြောင့် ရေကြီးမှုတွေကို ကြုံတွေ့နေရပါတယ်။ ဒီလို ရေကြီးရေလျှံမှုတွေကို ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကြားကနေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်လည်း ဘေးအန္တရယ်ကင်းရှင်းအောင် ပရိသတ်တွေကလည်း ဆုတောင်းမေတ္တာတွေ ပို့သပေးလိုက်ပါဦးနော်..။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

 

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T