Single Shaming လုပ်နေတဲ့သူတွေကို ပညာသားပါပါ ပြန်လည်ချေပနည်းမ‌ျား

//s9.kh1.co/b6/b610024cc1b4c357e001da93c3c0298dc2b7abba.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လုပ်ငန်းခွင်မှာ အဆင့်မြင့်အောင်မြင်မှုတွေရထားတဲ့ အမျိုးသမီးတော်တော်များများဟာ တစ်ကိုယ်တည်းသမားတွေ ဖြစ်ကြပါတယ်။ တချို့သူတွေကတော့ သူတို့ရဲ့“ အခြားတစ်ခြမ်း” ကိုရှာမတွေ့တဲ့အတွက် သူတို့ကို သူတို့အပြစ်တင်လေ့ရှိပြီး ရှက်စိတ်ကသူတို့ကိုလွှမ်းမိုးစေလေ့ရှိပါတယ်။ အဲ့လိုသူတွေက မကြာခဏဆိုသလို ဘာလို့ Single ဖြစ်နေရတာလဲ၊ ဘာလို့တစ်ကိုယ်ကောင်းဆန်ရတာလဲ စသဖြင့် မေးခွန်းတွေကို ကြားရလေ့ရှိပါတယ်။ ဒီလို မေးခွန်းကြားတဲ့အခါ လျစ်လျူရှုလိုက်တာက ကောင်းပေးမယ့် ပညာသားပါပါ ပြန်ပြောလိုက်တာက ကောင်းပါတယ်။ ဒါကြောင့်အောက်မှာ ပြန်လည်ဖြေရှင်းပုံတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သင်၏အသက်မွေးဝမ်းကျောင်းသည် မည်မျှကောင်းကြောင်းပြသရန် မေးခွန်းကိုလမ်းကြောင်းပြောင်းပါ

https://s9.kh1.co/__image/w=650,h=488,q=100/4d/4d7abd205279373a639549601d57c3b3d124e7f5.jpg

မိသားစုဝင်တစ်ယောက်က သင့် ရဲ့ချိန်းတွေ့မှုအခြေအနေအကြောင်း ဖိအားပေး‌ မေးလာတဲ့အခါ " ဒီလိုပါပဲ၊ ကောင်းပါတယ် " စသဖြင့် ခုခံကာကွယ်ပြီး ပြောဆိုဖို့မလိုပါဘူး။ အခုအချိန်မှာ ဘယ်အရာက သင့်ကိုပျော်ရွှင်စေလဲဆိုတာကို ခေါင်းစဉ်တပ်ပြီး ပြောလိုက်ရုံပါပဲ။ ဥပမာ အလုပ်အခြေအနေက အရမ်းကောင်းပြီး သူငယ်ချင်းတွေက ဘယ်နေ့ဘာတွေ့ဘာလုပ်ကြမှာ စသဖြင့် သင့်ကိုပျော်စေနေတဲ့အကြောင်းတွေ ပြောနိုင်ပါတယ်။ အဆိုးမြင်စိတ်များကို ပိုပြီး အဆိုးမြင်စိတ်ဖြင့် ဖြေတာ‌ကိုရှောင်ပါ။

၂။ သင့်ရဲ့တွေးခေါ်ပုံကိုဖော်ပြပါ၊ ဒါပေမယ့် သင့်ရဲ့ရွေးချယ်မှုတွေကို မကာကွယ်ပါနဲ့

https://s9.kh1.co/__image/w=640,h=360,q=100/55/55f4ddef78f77a89ff6120745341d96310405d43.jpeg

သင့်ရဲ့ရွေးချယ်မှုတွေအကြောင်း ဆင်ခြေပေးခြင်းဟာ စိတ်ထဲကနေ နက်နက်နဲနဲဘဲ သင်ပြောသလိုမပျော်ဘူးလို့ ဆိုလိုနိုင်ပါတယ်။ တချို့ Single Shaming လုပ်ကြတဲ့သူတွေဟာ သင့်ကို ကိုဆိုးရွာအောင် လုပ်ကြလေ့ရှိပါတယ်။ အဲဒီလိုလုပ်မယ့်အစား သင့်စိတ်ကိုထိန်းထားပြီး သင့်ရဲ့အမြင်ကို ရှင်းပြနိုင်ပါတယ်။ အဲ့လိုဆိုရင် သင့်ရဲ့ရွေးချယ်မှုတွေကို ဘယ်သူ့ကိုမှ အသေးစိတ်ရှင်းပြနေစရာမလိုတော့ပါဘူး၊ ဒါပေမယ့် ဒါဟာ သင့်ရဲ့ ယုံကြည်ချက် အကျဉ်းချုပ်ကို သူတို့ကို ‌ေပးလိုက်ရုံတာ ဖြစ်ပါတယ်။

Jennifer Aniston ဟာ တစ်ခါက “ ငါတို့မှာအိမ်ထောင်ဖက်ရှိ၊ မရှိ၊ ကလေးရှိ၊ မရှိ။ ပြီးပြည့်စုံဖို့ငါတို့ကအိမ်ထောင်ရှင်ဒါမှမဟုတ်အမေဖြစ်ဖို့မလိုပါဘူး။ ကျွန်မတို့ဟာ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင် 'ပျော်ရွှင်ချမ်းမြေ့မှု' ကို ကျွန်မတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ " ဆိုပြီး ပြောခဲ့ဖူးပါတယ်။

၃။ သူတို့မနာလိုရင်သူတို့ကိုတိုက်ရိုက်မေးပါ

https://s9.kh1.co/__image/w=650,h=759,q=100/9f/9fcfdce242d335a8fa68cbbfb6da6d1c2f1d10e4.jpg

Single တွေဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ Couple တွေကို မနာလိုကြဘူးဆိုပြီး အထင်မြင် လွဲတက်တာတွေရှိပါတယ်။ Couple တိုင်းက ပျော်ရွှင်နေကြတာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ Single တွေကို မနာလို‌တာတောင် ရှိပါတယ်။ ဒါကြောင့် သင့်ကို မနာလိုမှုနဲ့ မကောင်းပြောလေ့ရှိတက်ကြပါတယ်။ အဲ့ဒီလိုကြုံလာတဲ့အခါ သင့်နေနဲ့ ပုံထဲကလို " ငါဒီလိုဒီလို လုပ်နိုင်လို့ မနာလိုတာလား " ဆိုပြီး ဒဲ့တာ မေးလိုက်ပါ။

၄။ သင့်အနေနဲ့ သူတို့ကိုအဆင်မပြေတဲ့မေးခွန်းမေးနိုင်တယ်

https://s9.kh1.co/__image/w=650,h=577,q=100/3c/3c32e08468b4eae339ea01841ff04c146d5951ea.jpg

သူတို့ဖြစ်စေချင်တဲ့အတိုင်း သင်လိုက်လုပ်နေတာကတော့ မကောင်းပါဘူး။ ဒါပေမယ့် သူတို့မေးတဲ့မေးခွန်းတိုင်း သင်မေးလိုက်တဲ့အခါ မေးလိုက်တဲ့ မေးခွန်းတွေက မသင့်တော်ကြောင်းနဲ့ စိတ်အနှောင့်အယှက် ဘယ်လောက်ဖြစ်စေတယ်ဆိုတာ သူတို့ကို သိစေနိုင်ပါတယ်။ အဲ့တာကြောင့် သင့်အနေနဲ့လည်း သူတို့ရဲ့ ပျော်ရွှင်ဖွယ်မကောင်းတဲ့ အချစ်ရေးကိုဖြစ်ဖြစ် အတိတ်က ပြတ်ခဲ့မှုနဲ့ပတ်သက်ပြီးဖြစ်ဖြစ် သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မေးခွန်းတွေ ပြန်မေးလိုက်ရုံပါပဲ။ ဒါမှမဟုတ်လည်း သင့်အနေနဲ့ သူတို့ကို တစ်ယောက်ထဲဖြစ်မှာကို ကြောက်တာလား ဆိုပြီး မေးနိုင်ပါတယ်။

၅။ ရွဲ့စောင်းပြီး ဟာသတစ်ခုလုပ်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=515,q=100/f4/f408feb77848d604c39c9ea5a61d70d25611aa43.jpg

Single မို့ လှောင်တဲ့သူတွေဟာ သင့်ကို ခက်ခဲတဲ့အချိန်တွေပိုနိုင်ပါတယ်။ သင့်အနေနဲ့ကတော့ သင့်မင်္ဂလာဆောင်ဖို့ပိုက်ဆံအ‌လုံ‌အလောက်မရှိသေးတာတို့ သင့်ဟာ အရမ်းဖြူစင်လွန်းလို့ ဘယ်သူမှသင့်ကို မမှီတာတို့ ပြောနိုင်ပါတယ်။ ဥပမာ Halle Berry ဟာ single ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်အစစ်အမှန်များကို ထုတ်ဖော်ပြောဆိုဖို့ ရှောင်လေ့မရှိပါဘူး။ " ယောက်ျားတစ်ယောက်ကို ကိတ်ပေါ်က Cheery သီး လို့ပဲထားလိုက်ပါ။ ကျွန်မကတော့ ကိတ်ပေါ့၊ ဒါပေမယ့် ကိတ်မုန့်ကတော့ Cherry သီး မရှိလည်း သူ့ဘာသာသူတော့ အရသာကောင်းနေတာပဲ " ဆိုပြီး ပြောခဲ့ဖူးပါတယ်။

၆။ ရည်စားရှိရုံနဲ့ သင့်ရဲ့ဘ၀က ပိုအဖိုးတန်လားမှာ မဟုတ်ကြောင်း ပြောလိုက်ပါ

https://s9.kh1.co/__image/w=650,h=588,q=100/20/20d5d23b884ef8de4519c31c3779432c24fe5051.jpg

သင့်ရဲ့ဘ၀က မပျော်ရွှင်ရဘူး မပြည့်စုံသေးဘူးဆိုရင် အိမ်ထောင်သည်ဘ၀ကို ဒီလိုအရာတွေ မသယ်ဆောင်လာပါနဲ့။ လူတွေဟာ ပြီးပြည့်စုံတဲ့ ဘ၀ကို ရှာဖွေနေတာဖြစ်ပြီး လိုနေတဲ့ အပိုင်းကို ရှာနေတာမဟုတ်ပါဘူး။ ဒါကိုသာ သင်နားလည်မယ်ဆိုရင် သင့်ကို Single Shaming လုပ်နေတဲ့သူကို သေချာပြန်ရှင်းပြနိုင်ပါတယ်။ ဒါဟာ သင့်ဘ၀အတွက် မှန်ကန်တဲ့သူရောက်လာတာကို မပိုင်ဆိုင်ချင်တာမဟုတ်ပါဘူး၊ သင့်အနေနဲ့ ဒီလူကြောင့် ငါ့ဘ၀ကြီးဟာ အဓိပ္ပာယ်ရှိတာမျိုး မဖြစ်ချင်တာပါ။

၇။ သင်ရဲ့ ယခင်အချစ်ရေးဟာ သင့်အားမည်သို့ထိခိုက်စေကြောင်းနှင့် သင့်ရဲ့စိတ်ကျန်းမာရေးကို သင်မည်သို့အာရုံစိုက်ရန်လိုအပ်ကြောင်းရှင်းပြပါ

https://s9.kh1.co/__image/w=650,h=671,q=100/cb/cbde68c3291493ddf8d30448eff1222a52fca833.jpg

Single Shaming လုပ်တဲ့သူတွေဟာ တစ်ဖက်သူရဲ့ စိတ်ကျန်းမာရေးအခြေအနေကို မသိတက်ကြပါဘူး။ သင့်ရဲ့အရင်အချစ်ရေးကြောင့် ဘယ်လောက်နာကျဉ်ခဲ့ရပြီး အဲ့အမာရွတ်တွေကို ပြန်ဖျောက်ဖို့ အချိန် လိုအပ်နေတယ်ဆိုတာ သူတို့က မသိကြပါဘူး။ သင့်အနေနဲ့လည်း ဒါကြီးကို ရှင်းပြနေဖို့မလိုပါဘူး။ သင့်အနေနဲ့ " ငါ့ကုိငါအာရုံစိုက်ဖို့လိုတယ် " ဆိုရုံလောက်ပဲ ပြောနိုင်ပါတယ်။ လူတော်တော်များများက သူတို့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး မပြောချင်တက်ကြသလို ရင်ဖွင့်တာလည်း မလုပ်ချင်ကြပါဘူး။

Selena Gomez ကတော့ ဒီအခြေအနေကို သိခဲ့ဖူးသူ ဖြစ်တာကြောင့် သူမဟာ " “ ကျွန်မကကိုယ့်ကိုယ်ကိုလေးစားမှုနိမ့်တယ်၊ အဲဒါကကျွန်မကုိ ကျွန်မ အဆက်မပြတ်လုပ်နေတဲ့အရာပဲ။ ဒါပေမယ့်စိတ်ပိုင်းဆိုင်ရာမှာဖြစ်ပျက်နေတဲ့အကြောင်း‌တွေကြောင့် ဗဟုသုတအများကြီးရတဲ့အတွက် ကျွန်မအရမ်းခွန်အားရှိသလိုခံစားရတယ်။ ဥပမာ ကျွန်မရဲ့ဒေါက့်ဖိနပ်တွေက အရမ်းမြင့်တယ် ဒါကြောင့်လည်း ကွျန်မအရပ်ပုတာကို ၀တ်တဲ့အခါတိုင်း ရှောင်နိုင်တယ်။ Single ဖြစ်နေတာ ၂ နှစ်ကျော်နေပြီ၊ ဒါပေမယ့် ငါအဆင်ပြေတယ် " ဆိုပြီး ပြောခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ်Bright side

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T