အချိန်ပြည့်အလုပ်လုပ်နေရတဲ့ မျက်စိလေးတွေကျန်းမာနေအောင် ဘယ်လိုဂရုစိုက်ကြမလဲ?

//s9.kh1.co/00/002ff346d6b1cba42fe931c8d23cb1c7779ef4fb.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဂရုစိုက်ရမယ့် အကြောင်းအရာလေးတွေကို သိချင်တယ်ဆိုရင်တော့...... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ခုလိုကာလမှာ ဖုန်း နဲ့ Laptop တွေအသုံးပြုတာများလာတဲ့အတွက် ကြောင့် သင်တို့ရဲ့မျက်စိလေးတွေဟာ အနားမယူရဘဲ အချိန်ပြည့် အလုပ်လုပ်နေကြရပါတယ်။ဒီလိုနဲ့ ကြာလာတဲ့အခါမှာ မျက်စိတွေဝေဝါးတာ၊အမြင်အာရုံမကြည်လင်လာတာတွေကို ခံစားလာကြရပါတယ်။

ဒါကြောင့်ဒီနေ့မှာတော့ မျက်စိလေးတွေ မဝေဝါးစေဖို့ ပြုလုပ်ပေးရမယ့် အကြောင်းအရာလေးတွေကိုတင်ပြပေးပါရစေ။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၁။မှန်ကန်တဲ့ အစားအသောက်ကိုစားပေးပါ။

မျက်လုံးအတွက် လိုအပ်တဲ့ Omega 3, Vitamin A,C,E အစရှိတဲ့ ဓာတ်သတ္တုတွေပါဝင်တဲ့ မုန်လာဥနီ၊ကြက်ဥ၊ဟင်းသီးဟင်းရွက်၊ဆဲလ်မွန်ငါးနဲ့အသီးအနှံတွေကို စနစ်တကျစားသုံးပေးပါ။ဒီအာဟာရဓာတ်တွေဟာ မျက်စိအတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချပေးတာကြောင့် သေချာစားသုံးပေးသင့်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၂။Screen Break ခဏခဏယူပေးပါ။

ဖုန်းတွေ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ရတဲ့အချိန်များလာတာနဲ့အမျှ မျက်စိကိုလည်းပိုမိုထိခိုက်လာစေနိုင်ပါတယ်။ဒါကြောင့် အလုပ်လုပ်နေရင်းဖြစ်စေ၊ဖုန်းသုံးနေရင်းဖြစ်စေ Screen ကို အသုံးပြုနေခြင်းမှ မိနစ်နှစ်ဆယ်လောက် ခဏခဏ အနားယူပေးပါ။ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်ကိုမျက်စိမှုန်ခြင်း၊မျက်စိခြောက်ခြင်း၊လည်ပင်းနဲ့ပခုံးများညောင်းညာကိုက်ခဲခြင်းမှ သက်သာစေပါတယ်။Screen Break လုပ်နေတဲ့ အချိန်မှာ မျက်တောင်ခတ်ပေးဖို့လည်းမမေ့ပါနဲ့။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၃။စိမ်းစိမ်းစိုစိုတွေ ကြည့်ပေးပါ။

မိုးလင်းလို့အိပ်ယာနိုးလာတဲ့ ဖုန်းတန်းကြည့်တတ်တဲ့အကျင့်အစား သစ်ပင်တွေ၊ပတ်ဝန်းကျင်မှာ ရှိတဲ့ စိမ်းစိမ်းစိုစိုတွေကို အရင်ဆုံးကြည့်တတ်တဲ့အကျင့်လေးလုပ်ယူပါ။ဒါ့အပြင် အပေါ်ကလို Screen Break ယူတဲ့အချိန်မှာ TV ပြန်သွားကြည့်နေရင်လည်း ဒါဟာအဆင်မပြေနိုင်ပါဘူး။ဒါ့ကြောင့် ဒီလိုအချိန်မှာလည်း စိမ်းစိမ်းစိုစိုတွေကိုဦးစားပေးကြည့်ပေးပါ။ဒါဟာသင့်မျက်စိကိုပိုပြီးကြည်လင်လာစေနိုင်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၄။မျက်စိစစ်ဆေးမှုခံယူပါ။

မိမိရဲ့မျက်လုံးဟာ အတော်လေးကို ဝေဝါးနေတယ်လို့ ခံစားလာရတာနဲ့ မျက်စိဆရာဝန်နဲ့ပြသပြီးလိုအပ်တဲ့ ဆေးကုသမှုကိုခံယူပါ။ဒါမှအချိန်တိုအတွင်း မျက်စိကို မထိခိုက်ပဲ ကျန်းမာလာမှာဖြစ်ပါတယ်။

ဒီအချက်တွေကိုလိုက်နာပြီး ကြည်လင်ကျန်းမာတဲ့မျက်စိတစ်စုံကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T