မြန်မာပရိသတ်တွေကြား နာမည်ကြီးနေတဲ့ "My Ambulance" ထဲက မင်းသားလေး Sky Wongravee - Myanmarload

မြန်မာပရိသတ်တွေကြား နာမည်ကြီးနေတဲ့ "My Ambulance" ထဲက မင်းသားလေး Sky Wongravee

https://s9.kh1.co/e8/e804103bec2058eae3355979e9dc3f2ecad4f45c.jpg
အနုပညာရှင်များ
 16-Sep-2021 2pm · a month ago

ချလမ်က လက်ရှိမှာတော့ Single လေးပါ ....

အခုတလော နာမည်ကြီးနေတဲ့ My Ambulance ထိုင်းရုပ်ရှင်ကားထဲက ချလမ်လေးက မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ချလမ်လေးရဲ့ အကြောင်းကို စိတ်ဝင်စားနေတဲ့ သူတွေအတွက် ပြောပြပေးပါ့မယ်။

https://s9.kh1.co/__image/w=650,h=813,q=100/33/339b496033054af9114236ba07e862acef015cd6.jpg
Photo Credit : Google 

ချလမ်လို့ လူသိများတဲ့ Sky Wongravee ရဲ့ ဇာတိကတော့ ထိုင်းနိုင်ငံ Ranong မြို့ဖြစ်တာကြောင့် ထိုင်းလူမျိုးစစ်စစ် တစ်ယောက်ပါ။ June လ 6 ရက် 1998 မှာ မွေးတာကြောင့် ချလမ်လေးဟာ အခုဆို (23) နှစ် ပြည့်ပြီးပါပြီ။ လက်ရှိမှာတော့ Single လေးပါ ။

https://s9.kh1.co/__image/w=650,h=813,q=100/70/7080f143bc51e1ce9b1bf4413597a49d4676985d.jpg
Photo Credit : Google 

2014 ခုနှစ်က "Hormones The Next Gen” Project ကနေ အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိခဲ့တာပါ။ 2015 ခုနှစ်မှာတော့ Horror Movie ဖြစ်တဲ့ "Thir Teen Terrors" မှာ Pala ဆိုတဲ့ character နဲ့ အောင်မြင်မှုကို စတင်ရလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/75/75a4ced71fa0c071cb848f9173d6760edf129e3b.jpg
Photo Credit : Google 

Sky Wongravee ဆိုတဲ့ ကောင်လေးက သရုပ်ဆောင်တာအပြင် Runaway မော်ဒယ်တစ်ယောက်လဲ ဖြစ်ပါသေးတယ်။ ဖက်ရှင်နဲ့ ပတ်သက်လာရင်တော့ Skyရဲ့ ပင်ကိုယ် Styleကိုက ပေါ့ပေါ့ပါးပါးရှိပြီး သူ့ရဲ့ဖက်ရှင်တွေကလည်း Youth vibeအပြည့်နဲ့ ဆယ်ကျော်သက်‌လူငယ်ကောင်လေးတွေ အကြိုက်ပုံစံမျိုးတွေဖြစ်ပါတယ်။ သဘောကျမိဆုံးအချက်က Tee တွေကို Trousers pant , Jean pant တွေနဲ့တွဲစပ်ပြီး ပုံစံမျိုးစုံနဲ့ ဝတ်ပြတတ်တာပါ။ ပြီးတော့ Sky က Beanie , Bucket , Ivy cap လို လူငယ်ဆန်ဆန် ဦးထုပ်တွေကို သူ့ပင်ကိုယ်ဟန်ဖြစ်အောင် ဝတ်လေ့ရှိပြီး Sunglass , Bag အစရှိတဲ့ Accessoriesတွေရဲ့ အကူညီကို ရယူပြီး သူ့ Outfitတွေကို upgrade လုပ်လေ့ ရှိပါသေးတယ်။

https://s9.kh1.co/__image/w=480,h=600,q=100/e7/e7cc2e62cc554f3bb8a874c09dcd23528358d8dc.jpg
Photo Credit : Sky Wongravee Instagram 
https://s9.kh1.co/__image/w=650,h=974,q=100/3d/3d48225934b7679efb288d6d75b5a06a77dd8d8a.jpg
Photo Credit : Sky Wongravee Instagram 
https://s9.kh1.co/__image/w=640,h=640,q=100/c2/c2c40637cb029d799ad3ee3eb726600d5d34b1f8.jpg
Photo Credit : Sky Wongravee Instagram 

"My Ambulance" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် မြန်မာပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/db/dbe38e940cfa513da209a586c2604e6b0eece01b.jpg
Photo Credit : Google 
https://s9.kh1.co/__image/w=650,h=434,q=100/5f/5fecf863270f381ea3fd24187695a0b67ec206ca.jpg
Photo Credit : Google 
https://s9.kh1.co/__image/w=650,h=434,q=100/09/099fdf5d465ce08787c01d56c36ce6bb81a30fee.png
Photo Credit : Google 
Cherry Nwe Oo
CNO

ဆက်စပ်ဆောင်းပါး