(၄၁)နှစ်ကြာ လူ့လောကနဲ့ အဆက်သွယ်ပြတ်ပြီး တောထဲမှာနေထိုင်ခဲ့တဲ့ ဗီယက်နမ်တာဇံ Ho Van Lang ဟာ အသဲကင်ဆာရောဂါနဲ့ ကွယ်လွန်

//s9.kh1.co/41/413fefcc9f75db5e23ab3694b3079d1b33625791.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဗီယက်နမ်စစ်ပွဲအချိန်မှာ တောထဲမှာနှစ်ပေါင်း (၄၁) အကြာ လူ့လောကနဲ့အဆက်ပြတ်ခဲ့တဲ့ အသက် (၅၂) နှစ်အရွယ် ဗီယက်နမ်တာဇံ Ho Van Lang ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အသဲကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများက ဖော်ပြလာခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်တုန်းက ဗီယက်နမ်စစ်ပွဲအချိန်မှာ Ho Van Lang ဟာ အသက် (၂ )နှစ်သားအရွယ်သာရှိသေးပြီး ဖခင်ဖြစ်သူက ပွေ့ချီပြီး တောနက်ထဲကို ခေါ်ဆောင်ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Grunge.com
Photo Credit - Grunge.com
Photo Credit - Grunge.com
Photo Credit - Grunge.com

သားဖနှစ်ယောက်ဟာ တောထဲမှာ ခက်ခက်ခဲခဲ နေထိုင်စားသောက်ခဲ့ရပြီး ဝတ်စားဆင်ယဥ်မှုမှာလည်း သစ်ခေါက်ကိုအင်္ကျီနဲ့ ဘောင်းဘီအဖြစ် ပြုလုပ်ကာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ လူသူနဲ့အဆက်အသွယ် (၄၁) နှစ်ကြာပြတ်ခဲ့တဲ့အတွက် Ho Van Lang ဟာ မိန်းမဆိုတာရှိကြောင်း မသိတော့ဘူးလို့ဆိုခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာတော့ Ho Van Lang ဟာ နေမကောင်းတဲ့သူ့အဖေအတွက် အကူအညီတောင်းဖို့ ရှာဖွေထွက်လာရင်း လူ့လောကနဲ့ အဆက်သွယ်ရခဲ့ပါတယ်။

Photo Credit - Grunge.com
Photo Credit - Grunge.com
Photo Credit - Grunge.com
Photo Credit - Grunge.com

သူတို့သားအဖတွေဟာ ဗီယက်နမ်စစ်ပွဲမပြီးသေးဘူးလို့တောင် ထင်ခဲ့ကြပါသေးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ Ho Van Lang ရဲ့ အကြောင်းကို နိုင်ငံတကာသတင်းများကလည်း ဖော်ပြခဲ့ပြီး လူအများအပြားဟာ စိတ်ဝင်စားခဲ့ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူကတော့ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ဗီယက်နမ်နိုင်ငံရဲ့ ကမ္ဘာကျော်တာဇံ Ho Van Lang ဟာ အသဲကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာခဲ့ပြီ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Grunge.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T