ဘရာဇီးအသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ Hulk ဟာ (၁၂) နှစ်ကြာ ချစ်ခင်ပေါင်းသင်းခဲ့တဲ့ဇနီးဖြစ်သူ Iran Angelo နဲ့ (၂၀၁၉) ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။ ကွာရှင်းပြီးနောက်မှာ သားသမီးတွေနဲ့လည်းဝေးကွာခဲ့ရပြီး Chinese side Shangai SIPG အသင်းမှာ ဆက်လက်ကစားနေခဲ့ပါတယ်။ ဇနီးဟောင်းနဲ့ကွာရှင်းပြီး လအနည်းငယ် အကြာမှာတော့ ဇနီးဟောင်းရဲ့ တူမဖြစ်သူ Camila Angelo နဲ့ စတင်ပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ချစ်ကျွမ်းဝင်ခဲ့ပြီးနောက် (၂၀၂၁) ခုနှစ်ရဲ့ သြဂုတ်လ (၁၉) ရက်နေ့မှာတော့ Hlak နဲ့ Camila Angelo မှာ ရင်သွေးလေးရှိနေပြီဆိုတဲ့ အကြောင်းကို Instagram ကနေတဆင့် အားလုံးကိုအသိပေးခဲ့ပါတယ်။
ဒီကလေးလေးကိုရလို့သိပ်ပျော်ကြောင်းနဲ့ ဘုရားသခင်ကိုကျေးဇူးတင်ကြောင်းတွေလည်း Hulk က ပြောခဲ့ပါသေးတယ်။ ကလေးအတွက်လည်းဆုတောင်းစကားတွေအများကြီးပြောခဲ့ပြီး သူ့ရဲ့စတုတ္ထမြောက် ကလေးလေးအတွက် အရမ်းကိုရင်ခုန်နေခဲ့ပါတယ်။ ဒါ့အပြင် Camila ကို ပွေ့ချီပြီးနမ်းနေတဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှခဲ့ပါသေးတယ်။ Hulk ဟာ ဇနီးဟောင်းဖြစ်သူ Iran Angelo နဲ့လည်း သားသမီး သုံးယောက်ထွန်းကားခဲ့ပြီး Camila ရဲ့ရင်သွေးလေးနဲ့ဆိုရင် ကလေးလေးယောက်ရဲ့ ဖခင်ဖြစ်သွားခဲ့ပါပြီ။
Camila ရဲ့ အဒေါ်ဖြစ်သူ Iran Angelo နဲ့ Hulk တို့ တရားဝင် ပြတ်သားပြီးနောက်မှာ Hulk နဲ့ Camila တို့ရဲ့အချစ်ဇာတ်လမ်းဟာ စတင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဟာလည်း သူတို့အတွက် ဆုတောင်းစကားတွေပြောပေးခဲ့ကြပြီး မွေးလာမယ့် ကလေးလေးအတွက်လည်း ကောင်းချီးသြဘာတွေ ပေးခဲ့ကြပါတယ်။ နှစ်ယောက်သားကတော့ လောကထဲရောက်လာမယ့် ရင်သွေးလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်နေခဲ့ကြပါတယ်။
သတင်း အရင်းအမြစ်៖ The Sun's FB Acc