စက်တက်ဘာလ (၁၉)ရက်နေ့ည မနေ့ကတော့ ရှုံးပွဲမကြုံတွေ့ရသေးတဲ့ ဝက်ဟမ်းအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ ဝက်ဟမ်းအသင်းနဲ့ ပွဲမှာ မန်ယူအသင်းရဲ့တိုက်စစ်မှူးကြီးစီရိုနယ်ဒိုတစ်ယောက် ဂိုးသွင်းနိုင်ခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုး တစ်ဂိုးနဲ့ သရေရလဒ်ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း သွင်းဂိုးတွေမမြင်တွေ့ရဘဲ ပွဲချိန်(၈၉)မိနစ်ရောက်မှလူစားဝင်လာတဲ့ လင်ဂတ်က အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
Young Boys အသင်းနဲ့ပွဲမှာ အမှားကျူးလွန်ခဲ့ပြီး ဗီလိန်ဖြစ်ခဲ့တဲ့ လင်ဂတ်တစ်ယောက် ယခုပွဲစဥ်မှာတော့ သူရဲကောင်းဖြစ်ခဲ့ပြီး ပြိုင်ဘက်တွေကို အကောင်းဆုံး ကျော်ဖြတ်ကာ လှလှပပဂိုးသွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဝက်ဟမ်းအသင်းနဲ့ပွဲစဥ်က မန်ယူပရိသတ်တွေအတွက် သူရဲကောင်းနှစ်ဦးထွက်ပေါ်ခဲ့တဲ့ ပွဲလို့ဆိုရမှာဖြစ်ပြီး လင်ဂတ်နဲ့ De Gea တို့ဟာ မန်ယူအသင်းအနိုင်ရရှိစေဖို့ အဓိကစွမ်းဆောင်ခဲ့သူတွေ ဖြစ်ပါတယ် ။ (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိနေပြီး နာကျင်အချိန်ပိုမှာ မန်ယူအသင်းတို့ ပင်နယ်တီပေးလိုက်ရတာပဲ ဖြစ်ကာ အဆိုပါပင်နယ်တီကို De Gea တစ်ယောက် အစွမ်းကုန်ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
မန်ယူအသင်းသားတွေဟာ ပင်နယ်တီကို အံအားသင့်ဖွယ်ကာကွယ်နိုင်ခဲ့ပြီး အနိုင်သုံးမှတ်ရရှိစေခဲ့တဲ့ ဂိုးသမား De Gea ဆီကို အပြေးသွားကာ ပွေ့ဖက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ပင်နယ်တီ ကာကွယ်နိုင်မှု နည်းပါးခဲ့လို့ ဝေဖန်မှုတွေကို အချိန်အတော်ကြာခံခဲ့ရတဲ့ De Gea အတွက် ယခုပွဲစဥ်က မမေ့နိုင်စရာပွဲတစ်ပွဲအဖြစ် ကျန်ရစ်နေတော့မှာ ဖြစ်ပါတယ်။ နည်းပြဆိုးရှား ကိုယ်တိုင်လာရောက်ပြီး ချီးကျူးဂုဏ်ပြုပေးခဲ့တဲ့ မန်ယူဂိုးသမား De Gea ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder