လုံခြုံရေးတွေ တားဆီးနေတဲ့ကြားက အသည်းအ သန်ကြိုးစားပြီး စီရိုနယ်ဒိုရဲ့ ဓာတ်ပုံနဲ့တွဲရိုက်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/85/8541f0db197565f3c46d8006e56ae502080da773.jpg
အားကစားသတင်းများ

 ၂၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လုံခြုံရေးတွေ တားဆီးနေတဲ့ကြားက အသည်းအ သန်ကြိုးစားပြီး စီရိုနယ်ဒိုရဲ့ ဓာတ်ပုံနဲ့တွဲရိုက်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ (၁၄)ရက်နေ့ကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ Young Boys အသင်းတို့ ချန်ပီယံလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ပြီး Young Boys အသင်းက နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Young Boys အသင်းနဲ့ပွဲဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုနှစ်ဘောလုံးရာသီရဲ့ ပထမဆုံးရှုံးပွဲဖြစ်ပါတယ်။မန်ယူအသင်းဟာ လူစားလဲမှု မမှန်ကန်တာတွေ၊လင်ဂတ်ရဲ့အမှားတွေ၊ ဝမ်ဘာဆာကာရဲ့ ဖြတ်ထုတ်ပုံမှားယွင်းတာတွေကြောင့် ယခုလိုရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပွဲမှာ မန်ယူတိုက်စစ်မှူး စီရိုနယ်ဒိုတစ်ယောက် ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ Young Boys အသင်းနဲ့ ပွဲမှာ စီရိုနယ်ဒိုရဲ့ ပရိသတ်တစ်ဦးဟာ စီရိုနယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့အတွက် အသည်းအသန်ကြိုးစားခဲ့ပါတယ်။ အဝတ်လဲခန်းထဲသို့ ပြန်ဝင်ချိန်မှာ အဆိုပါပရိသတ်က ကွင်းအတွင်းပြေးဝင်ပြီး စီရိုနယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေးတွေရဲ့ တားဆီးခြင်းကို ခံရပြီး ဆွဲခေါ်သွားခံရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပရိသတ်က လက်မြန်ခြေမြန်ရှိတယ်လို့ပဲဆိုရမှာဖြစ်ပြီး လုံခြုံရေးတွေက မတားဆီးခင် စက္ကန့်ပိုင်းအတွင်းမှာပဲ စီရိုနယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ စီရိုနယ်ဒိုနဲ့တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံလေးဟာ အဆိုပါပရိသတ်အတွက် တစ်သက်တာအမှတ်ရနေမယ့် ဓာတ်ပုံလေးအဖြစ် ကျန်ရစ်နေတော့မှာ ဖြစ်ပါတယ်။ စီရိုနယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့အတွက် အသည်းအသန်ကြိုးစားခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T