ကန့်ဘလူမြို့နယ်အတွင်းက Mytel တာဝါတိုင် အချို့ကို မြို့ခံ PDF တွေက မိုင်းဖောက်ခွဲ ဖျက်စီးခဲ့တာကြောင့် မီးလောင်ကျွမ်းနေတဲ့ ရုပ်သံဖိုင်

//s9.kh1.co/8a/8a5ae43646f3c7633070e4a73d669987822f4819.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲခြင်း ၊ မီးရှို့ဖျက်စီးတာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ ပိုမိုဖြစ်ပွားလာတာကတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းက Mytel တာဝါတိုင်များကို ဖျက်စီးခဲ့တာ တွေ့လာရပါတယ်။

Photo Credit -Lynn Nay
Photo Credit -Lynn Nay

ဒါ့အပြင် မြို့နယ်ထဲက ကျေးရွာတွေမှာ ထိုးစစ်ဆင်လာတဲ့ အာဏာရှင်လူတစ်စုရဲ့ တပ်တွေနဲ့ မြို့ခံပြည်သူ့ကာကွယ်ရေးတွေအကြား ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့်လည်း ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ခဲ့ရပါတယ်။ယခုမှာတော့  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက Mytel တာဝါတိုင်တချို့ မီးရှို့ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit -KBDF
Photo Credit -KBDF

ဒီတစ်ခါမှာလည်း လုံခြုံရေးတင်းကျပ်စွာ ချထားရာကနေ စတင်ဘာ(၁၉)ရက်နေ့ ညပိုင်းမှာ ကန့်ဘလူမြို့နယ် ကျွန်းပင်ကုန်းရွာမှာရှိတဲ့  Mytel တာဝါတိုင်ကို မိုင်ဖောက်ခွဲဖျက်စီးခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရ မိုင်းဖောက်ခွဲရေး လုပ်ငန်းစဥ်ကို ကန့်ဘလူ PDF တပ်ဖွဲ့ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားခဲ့ပါတယ်။ အဆိုပါကျေးရွာမှာ ည (၈) နာရီကျော်ပါက ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ရွာထဲသူစိမ်းဝင်ပါက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရပါတယ်။

သတင်း အရင်းအမြစ်Source - KBDF




Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T