လက်နက်မပါဘဲ ဘဏ်ကိုဓားမြဝင်တိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ထိုင်းရဲများက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/49/499ebb85193888da002c846a77953a29baf7a0b1.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

စတင်ဘာလ (၂၀)ရက်နေ့က ထိုင်းနိုင်ငံမှာ လက်နက်မပါဘဲ ဓားမြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင် ၊ထန်ယတ်ဘူရီမြို့နယ် ၊ ခလောင် (၆) မှာရှိတဲ့ ထိုင်ပါနစ်ဘဏ်ခွဲကို ယမန်နေ့ ညနေ (၃)နာရီ ဝန်းကျင်လောက်မှာ အမျိုးသားတစ်ဦးဟာ ဓားမြဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - ကိုချစ် ဇွဲကပင်
Photo Credit - ကိုချစ် ဇွဲကပင်

ဘဏ်ကိုဓားမြဝင်တိုက်သွားတဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး အသက် (၃၃) နှစ်အရွယ် နိုင်အနိုထိုင် ကွန်ထွန်ဘု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဓားမြတိုက်တဲ့အချိန်မှာလည်း အဆိုပါအမျိုးသားဟာ ဘဏ်ဝန်ထမ်းတွေကို အချိန်(၃)မိနစ်ပေးခဲ့ပြီး (၂)မိနစ်ပြည့်တဲ့အချိန်မှာ ကာရံထားတဲ့မှန်ကိုဖွင့်ပြီး အထဲကိုငွေဝင်ရောက်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးဟု ဆိုထားခဲ့ပါတယ်။

Photo Credit - ကိုချစ် ဇွဲကပင်
Photo Credit - ကိုချစ် ဇွဲကပင်

ဒါ့အပြင် ဓားမြတိုက်တဲ့နေရာမှာလည်း ဘာလက်နက်မှမပါဘဲ ဝင်ရောက်တိုက်ခဲ့တာလို့ ဖမ်းဆီးခဲ့တဲ့ ထိုင်းရဲတစ်ဦးက ပြောထားခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ ထိုင်းရဲများ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အချိန်မှာ ဓားမြတိုက်ခဲ့တဲ့ အမျိုးသားကို ဘဏ်ဝန်ထမ်းတစ်ဦးလို့ ထင်ရတဲ့သူက ရိုက်နှက်နေတာတွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ဟာ ထိုင်းပြည်သူတွေကြားမှာ ကြည့်ရှုသူများပြီး ပရိသတ်တွေလည်း ပြန်လည်ကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - ကိုချစ် ဇွဲကပင်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T