မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် အမိုးများလန်ကာ ပျက်စီးသွားရခဲ့တဲ့ ဒီးမော့ဆို စစ်ရှောင်စခန်းက ယာယီစာသင်ကျောင်း

//s9.kh1.co/03/033bc4e979fb7bf728a4392c03f3c1bda90de411.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်အတွင်း မေလပိုင်းလောက်ကနေစတင်ပြီး အာဏာရှင်လူတစ်စုရဲ့ တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်တဲ့ KNDF၊ KPDF နှင့် KA တပ်များကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ယင်းတိုက်ပွဲတွေကြောင့် ဒီးမော့ဆို၊ မိုးဗြဲ စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ နေအိမ်တော်တော်များများ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN

တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ပြည်သူတွေထဲမှာ ကျောင်းနေအရွယ် ကလေးသူငယ်တွေပါခဲ့တာကြောင့် သူတို့အတွက် ပညာရေးကို စစ်ရှောင်စခန်းမှာ ယာယီစာသင်ကျောင်းများ ဖွင့်လှစ်ပြီး ပရဟိတဆရာ၊ဆရာမတွေက သင်ထောက်ကူများဖြင့် သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ယခုမှာလည်း ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုရဲ့ စိတ်မကောင်း သတင်းကို ကြားသိရပါတယ်။

Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN

ဒါကတော့ စတင်ဘာလ (၂၀)ရက်နေ့က လေပြင်းများနဲ့အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါ စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ ယာယီစာသင်ကျောင်းများရဲ့ အမိုးများလန်သွားခဲ့သလို တချို့အဆောင်တွေမှာ ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းလည်း မစုံလင်သလို ဆရာ၊ဆရာမ မပြည့်စုံဘဲ တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းလေးကို လေဒဏ်၊မိုးဒဏ်ခံခဲ့တာကြောင့် ပြည်သူတွေကလည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN
Photo Credit - KZWN

သတင်း အရင်းအမြစ်Source - KZWN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T