ဒုက္ခတွေနဲ့တိမ်းရှောင်နေရချိန်မှာတောင် ခေါင်းပုံဖြတ် အမြတ်ထုတ်သူကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ခဲ့ရကြောင်း ပြောလာတဲ့ မိတ်ကပ်မေဦး

//s9.kh1.co/55/55c668e01bdb26d6b23e4985214d5dc00f1e8909.png
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

(၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ မိတ်ကပ်မေဦးရဲ့ သူ့ရဲ့ချစ်သူ ဟန်လင်းတို့ဟာ လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေပြီး PDF တွေနဲ့ စစ်ဘေးရှောင်တွေကို အများကြီးအထောက်အကူပြုကူညီပေးနေခဲ့တာ အားလုံးမျက်မြင်ပါပဲ။ လောကမှာလူကောင်းရှိသလို လူဆိုးတွေလည်းအများကြီးရှိတာမို့ မေဦးတို့ကို ကူညီသလိုနဲ့ ချောက်ချတဲ့လူမျိုးတွေကိုလည်းကြုံခဲ့ရတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ မတရားခံရတာဟာမေဦးတို့ဖြစ်ပေမယ့် တကယ်တမ်း အများအမြင်မှာတော့ မေဦးတို့ကသာ မတရားလုပ်သူဖြစ်ခဲ့ရကြောင်းတွေလည်း အသိပေးလာခဲ့ပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

အထင်လွဲစရာ၊ စိတ်ညစ်စရာကိစ္စတွေအများကြီးဖြစ်ပြီးနောက် တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အားလုံးပြေလည်သွားခဲ့ပြီး အမှန်တကယ်မကောင်းကြံသူကိုလည်း သိရှိသွားခဲ့ပြီလို့ ဆိုပါတယ်။ လက်ရှိမှာနိုင်ငံရေးအခြေအနေတွေကြောင့် သူတို့ကိစ္စတွေကို နောက်မှပဲပရိသတ်တွေဆီ အသေးစိတ်အသိပေးမယ်လို့ဆိုလာခဲ့ပါတယ်။ ဒီစာကတော့ မတရားလုပ်သူရဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်သွားအောင်အသိပေးတဲ့အနေနဲ့ ရေးသားတာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

ဘာအကျိုးမှမမျှော်ကိုးဘဲ ကူညီပေးကြတဲ့ ကရင်တိုင်းရင်းသားတွေရှိသလို သူတို့ကိုဗန်းပြပြီး အမြတ်ကြီးစားခေါင်းပုံဖြတ်သူတွေလည်းရှိကြောင်းနဲ့ လူအမျိုးမျိုးကိုကြုံခဲ့ရကြောင်းလည်း ပြောပြလာခဲ့ပါတယ်။ အမျိုးမျိုးသောဒုက္ခတွေကြုံခဲ့ရပေမယ့်လည်း သူတို့ကြိုးစားနေတာတွေကို ရပ်တန့်သွားမှာမဟုတ်ဘဲ ပြည်သူအားလုံးရဲ့ တစ်သားတည်းရပ်တည်သွားမယ်ဆိုတာ အားလုံးယုံကြည်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Photo Credit - May Oo's FB Acc
Photo Credit - May Oo's FB Acc

သတင်း အရင်းအမြစ်May Oo's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T