သူ့ရဲ့အသက်နဲ့ရင်းပြီး စစ်သား ၁၉၀ ကျော်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ခိုလေး

//s9.kh1.co/2e/2e82d21365a843680e38375589bae915420c7c98.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ် အကြီးအကျယ်ဖြစ်နေတဲ့အချိန် အောက်တိုဘာလ(၃)ရက်နေ့မှာ ဗိုလ်ချုပ် Charles White Whittlesey အပါအဝင် သူရဲ့စစ်သား ၁၉၀ကျော်ခန့်ဟာ ရန်သူတွေရဲ့ထောင်ချောက်မှာပိတ်မိနေခဲ့ပါတယ်။ ဒါကြောင့်သူတို့သေချာလေ့ကျင့်ပေးထားတဲ့ စာပို့ခိုလေးနဲ့ ပင်မဌာနချုပ်ကို ဆက်သွယ်အကူအညီတောင်းဖို့ကျိုးစားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=345,q=100/8a/8a07f6794396f781e27d42597c5912910b527549.jpg

ဒီခိုလေးရဲ့နာမည်ကတော့ Cher Ami ဖြစ်ပြီး ရန်သူတွေကလည်း ဒီစာပို့ခိုလေးကိုတွေ့တဲ့အတွက် သေနတ်နဲ့လိုက်ပစ်ချခဲ့ပါတယ်။

ဒါပေမယ့် ခိုလေးဟာ ပင်မဋ္ဌာနချုပ်ကို အရောက်သွားခဲ့ပြီး Whittleseyရဲ့စာကို အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။ ပင်မငှာနချုပ်ကို ရောက်လာချိန်မှာတော့ ခိုလေးဟာ ခြေထောက်တစ်ဖက်ပြတ်နေခဲ့သလို မျက်လုံးတစ်လုံးကလည်း ကွဲပြဲပြီး မမြင်ရတော့ပါဘူး။ တစ်ကိုယ်လုံးမှာလည်းသွေးတွေပေကျန်နေကာ အရမ်းနာကျင်နေခဲ့ပေမယ့်လည်း တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ ဒီခိုလေးရဲ့ သတ္တိကတော့ လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=600,h=302,q=100/99/994b7c6569c44d329480c1593a7fc5df52c3f118.jpg

ဗိုလ်ချုပ် Whittlesey နဲ့ စစ်သား ၁၉၀ ကျော်တို့ကတော့ ခိုးလေးပို့ပေးတဲ့စာကြောင့်ပဲ အကူအညီရပြီး အသက်ဘေးကနေလွတ်ခဲ့ကြပါတယ်။

ဒီခိုလေးသာ တာဝန်မကျေပွန်ခဲ့ရင် စစ်သားတွေအားလုံးရဲ့ အသက်ဟာဘာဖြစ်မလဲဆိုတာ မတွေးနိုင်ပါဘူး။

အဲ့ဒီနောက် ခိုလေးသေဆုံးသွားချိန်မှာတော့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး တာဝန်ကျေပွန်ခဲ့တဲ့ ဒီခိုလေးကို သူရဲကောင်းဘွဲ့ချီးမြှင့်ခဲ့ပြီး ပုံတူရုပ်ထုပြုလုပ်ကာ ပြသထားပါတယ်။

သေဆုံးသွားပေမယ့် နာမည်မသေခဲ့ပဲ ဒီခိုလေးရဲ့အကြောင်းဟာ ယနေ့ထက်ထိပျံ့လွင့်နေဆဲဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=600,h=324,q=100/ee/eeaecbb7360f51cc8029f3825c7448c1eb068f7b.jpg
https://s9.kh1.co/__image/w=600,h=700,q=100/8a/8a7eb8e472dd0fc1d384b760a6303201b6322693.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T