ပြိုင်ဘက်အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့ပေမယ့် အောင်ပွဲခံခြင်းမရှိခဲ့တဲ့ အဆန်စီယိုရဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခု

//s9.kh1.co/a7/a727c2c888bdd8d1fc1b42c5a51341cf3f3ffef0.jpg
အားကစားသတင်းများ

 ၂၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပြိုင်ဘက်အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့ပေမယ့် အောင်ပွဲခံခြင်းမရှိခဲ့တဲ့ အဆန်စီယိုရဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခု

စက်တင်ဘာလ (၂၃)ရက်နေ့ ယနေ့မနက်မှာတော့ ရီးရဲမက်ဒရစ်အသင်းနဲ့ မာလော့ကာအသင်းတို့ လာလီဂါပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ နည်းပြအန်ဆယ်လော့တီကိုင်တွယ်နေတဲ့ ရီးရဲမက်ဒရစ်အသင်းက ​ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး မာလော့ကာအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲစဥ်မှာ အကောင်းဆုံးခြေစွမ်းပြတဲ့ ကစားသမားကတော့ ရီးရဲအသင်းရဲ့ ကွင်းလယ်ကစားသမား မာကိုစ့် အဆန်စီယိုပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပရိသတ်တွေအများအပြားက ရီးရဲအသင်းရဲ့အနာဂတ်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခဲ့တဲ့အထိ ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ အဆန်စီယိုကတော့ နောက်ပိုင်းမှာဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရသူဖြစ်ပါတယ်။ယခုပွဲစဥ်မှာတော့ တစ်ချိန်တုန်းက တောက်ပခဲ့တဲ့ အဆန်စီယိုရဲ့ ​ခြေစွမ်းကောင်းတွေကို တစ်ဖန်ပြန်မြင်တွေ့ခဲ့ရပြီး ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ အဆန်စီယိုကတော့ မာလော့ကာ အသင်းနဲ့ ပွဲစဥ်မှာ ဟက်ထရစ်သွင်းယူခဲ့ပေမယ့် အောင်ပွဲခံခြင်းမရှိခဲ့ပါဘူး။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အကြောင်းကတော့ အဆန်စီယို ဟက်ထရစ်သွင်းယူခဲ့တဲ့ မာလော့ကာအသင်းဟာ သူငယ်စဥ်ကတည်းက ကစားခဲ့တဲ့ အသင်းဟောင်းဖြစ်ပြီး အသင်းဟောင်းအပေါ် လေးစားမှုရှိကြောင်း ပြသတဲ့အနေနဲ့ အောင်ပွဲခံခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ကြီးကစားသမားအချို့ဟာလည်း အသင်းဟောင်းကို ဂိုးပြန်သွင်းချိန်မှာ အောင်ပွဲခံခြင်းမရှိတဲ့ အမူအရာကိုပြုလုပ်လေ့ရှိကြကာ အဆိုပါအပြုအမှုဟာ ဘောလုံးလောကရဲ့ လှပတဲ့ အရာတစ်ခုဖြစ်ပါတယ်။အဆန်စီယိုရဲ့ ရီးရဲအသင်းတော့ လက်ရှိမှာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို ရောက်ရှိလာခဲ့ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T