ချို့တဲ့လွန်းတဲ့အခြေအနေမှာတောင် လမ်းဘေးကြောင်လေးတွေကိုကျွေးမွေးပြီး အထီးကျန်ဘဝကို ဖြတ်သန်းနေရတဲ့ အဘွားအို

//s9.kh1.co/84/841335679cd005b5ea591f701216ec4492ec8c15.png
အနုပညာရှင်များ

 ၂၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တစ်ကိုယ်တည်းဘဝမှာ အဖော်ပြုစရာကြောင်လေးတွေနဲ့ သူမရဲ့ဘဝကို ဖြစ်သလိုရပ်တည်နေရတဲ့ အဖွားဒေါ်အေးကြည်ကို ပရဟိတလူရွှင်တော်မိုးစက်က ယနေ့မှာသွားရောက်ကူညီပေးခဲ့ပါတယ်။ တစ်ယောက်တည်းနေတာဖြစ်လို့ အိမ်လေးဟာလည်း ဖြစ်သလိုရှုပ်ပွနေခဲ့ပြီး ကြောင်လေးတွေနဲ့အတူ ပဲပြုတ်ထမင်းစားနေရတဲ့အဖွားကိုကြည့်ပြီး စိတ်မကောင်းဖြစ်တာကြောင့် အိမ်လေးကိုရှင်းလင်းပေးမယ့် အကြောင်းလည်း အားလုံးဝမ်းသာရအောင်ပြောခဲ့ပါသေးတယ်။ အိမ်ဆိုင်လေးဖွင့်ထားခဲ့ပြီး ဆိုင်မှာလည်း ဆေးလိပ်နဲ့ ငှက်ပျောသီးကိုသာ ရောင်းချနိုင်ခဲ့ပါတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

ဆွေမျိုးမရှိတဲ့တစ်ကိုယ်တည်းဘဝမှာ သူမအတွက်အဖော်ဆိုတာတော့ ကြောင်လေးတွေသာရှိပါတယ်။ လူမချမ်းသာပေမယ့် စေတနာကတော့ချမ်းသာလွန်းတာကြောင့် ကြောင်လေးတွေကို သူမ စားသလို ပဲပြုတ်နဲ့ထမင်းကျွေးကာ ပြုစုစောင့်ရှောက်ထားခဲ့ပါတယ်။ လတ်တလောမှာတော့ အဖွားသုံးစွဲဖို့အတွက် ငွေတစ်သိန်းလှူဒါန်းပေးခဲ့ပါတယ်။ အဖွားက ဒီငွေလေးကိုကိုင်ပြီး ကြောင်လေးတွေကို ကြက်သားဟင်း ချက်ကျွေးမယ့်အကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

အဖွားအတွက်လိုအပ်တာလေးတွေလုပ်ပေးချင်တာကြောင့် လူရွှင်တော်မိုးစက်က စေတနာရှင်တွေထံ အလှူခံပေးခဲ့ပါတယ်။ အဖွားဒေါ်အေးကြည်နဲ့ သူမရဲ့ချစ်စရာကြောင်လေးတွေအတွက် လှူဒါန်းချင်သူများအနေနဲ့ (09688555275 Kpay MoeZaw) နဲ့ (09688555275 Wave) အကောင့်တွေကိုငွေလွှဲပြီး လှူဒါန်းနိုင်ပါတယ်။ အဖွားအတွက်ကူညီပေးတဲ့ မိုးစက်ကိုလည်း ပရိသတ်တွေက ကျေးဇူးတင်ကြောင်းမှတ်ချက်တွေ ရေးသားကာချီးကျူးခဲ့ပါတယ်။

Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc
Photo Credit - Moe Sat's FB Acc

သတင်း အရင်းအမြစ်Moe Sat's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T