ဘာတွေလဲ ရေဘဝဲတွေဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရန်ကုန်မြို့ရဲ့လမ်းမတွေထက်မှာ ထွက်ပေါ်လာကြတဲ့ ဆန္ဒပြလူငယ်များ

//s9.kh1.co/0d/0d1e439bcf2f2264ac3805dfb4cf83a5fee4a2e1.jpg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း အားအင်အပြည့်နဲ့ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ ဒီဒေးကြေငြာလိုက်ပြီးနောက်မှာ စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုတွေပိုမိုများပြားလာသလို တစ်ဖက်ကလည်း ဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ နေ့တိုင်းလိုလိုပြုလုပ်လာတာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

မြို့နယ်အနှံ့မှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ပြန်လည်အားကောင်းလာနေပြီး အာဏာရှင်ဆန့်ကျင်ရေးတွေကို ရောက်တဲ့နေရာတိုင်းမှာ ရသမျှနည်းလမ်းနဲ့ပြုလုပ်နေကြပြီး လူထုကလည်း အမြဲအားတက်သရောပါ၀င်နေတာဖြစ်ပါတယ် ။ ယမန်နေ့ညနေပိုင်းမှာဆိုရင်လည်း ရန်ကုန်ကလူငယ်တွေဟာ "ဘာတွေလဲ ရေဘဝဲတွေ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြသပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ရေဘ၀ဲလူငယ်များ၊ မြို့နယ်သပိတ်ကော်မတီများနဲ့ တကသတွေပူးပေါင်းကာ သပိတ်စစ်ကြောင်းတွေဖော်ခဲ့ကြတာဖြစ်ပါတယ် ။ အာဏာသိမ်းပြီး (၈)လကျော်ကြာတဲ့အထိ ပြည်သူတွေဟာ အာဏာရှင်တွေကိုပြန်အံတုနိုင်ပြီး လုံး၀အုပ်ချုပ်လို့မရအောင် ပုံစံမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံနဲ့ သွေးအေးမသွားအောင်လူထုကိုတပ်လှန့်နိုင်နေတာလည်း ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T