လက်ရှိကာလတွေမှာ စားဝတ်နေရေးအခက်အခဲတွေကြောင့် အဖိုးအဖွားတွေဟာ ဆင်းရဲဒုက္ခတွေများစွာနဲ့ ဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုတွေနဲ့ ခိုကိုးရာမဲ့ အခြေအနေတွေမှာ အသက်ရှင်နေထိုင်ရေးအတွက် အသက်အရွယ်အိုမင်းနေပေမယ့်လည်း ဘဝကိုအရှုံးမပေးဘဲ ခက်ခက်ခဲခဲဖြတ်သန်းနေတာ ဖြစ်ပါတယ်။
ဝမ်းရေးအတွက် နေပူမရှောင်မိုးရွာမရှောင် ဈေးရောင်းပြီး ရုန်းကန်နေကြတဲ့ အဖိုးအဖွားတွေထဲမှာ အသက်(၇၀)ကျော်အရွယ် အဖွားအိုတစ်ဦးကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက်(၇၇)နှစ်အရွယ် အဆိုပါအဖွားဟာ နွမ်းနွမ်းပါးပါးလေးနဲ့ ဟင်းသီးဟင်းရွက်တွေရောင်းပြီး ရောင်းမကုန်တဲ့အခါတွေမှာတော့ ထမင်းစားဖို့တောင် ခက်ခဲနေတယ်လို့ သိရပါတယ်။
ဝမ်းရေးအတွက် ကိုယ့်အားကိုယ်ကိုး ရုန်းကန်စားသောက်နေပေမယ့် ဈေးရောင်းမကောင်းတဲ့အချိန်တွေမှာ ထမင်းစားတာတောင် ဟင်းမပါဘဲ ထမင်းအဖြူထည်နဲ့ပဲ စားနေရရှာတာ ဖြစ်ပါတယ်။ အဖွားကတော့ ပုသိမ်မြို့ SUN mobile နားက ကားရပ်တဲ့နေရာမှာ (၁၁)နာရီ (၁၁:၃၀) အချိန်လောက်ဆို ဈေးလာရောင်း တတ်တာမို့ တတ်နိုင်သလောက် ဖေးမကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။