ဆီးလမ်းကြောင်းကနေ လူ့ခန္ဓာကိုယ်ထဲထိဝင်နိုင်တဲ့ Candiru ငါး

//s9.kh1.co/02/02e3a997744ca89b78920adc079ee74629ec7d6f.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

Candiru လို့ခေါ်တဲ့ ဒီငါးတွေဟာ ကြောက်မက်ဖွယ်ရာကောင်းပြီး လူ့အသက်ကိုပါ ဒုက္ခပေးနိုင်တဲ့ ငါးတစ်မျိုးပဲ ဖြစ်ပါတယ်။

ဒီငါးတွေဟာ အမေဇုန်မြစ်ဝှမ်းတစ်လျှောက်မှာ ကျင်လည်ကျက်စားကြပြီး အန္တရာယ်ရှိတဲ့ ရေချိုငါးတစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=525,h=397,q=100/17/17dd10f1960b98a22661a7526a5af109fc6af462.jpg

ဒီငါးတွေဟာ ပုံမှန်အားဖြင့် ငါးကြီးတွေရဲ့ ပါးဟပ်ထဲမှာ ခိုကပ်နေတတ်ကြပြီး ထိုငါးကြီးတွေရဲ့ သွေးကို စုပ်ယူကာ အသက်ရှင်နေထိုင်ကြပါတယ်။

ဒါ့အပြင် ဒီငါးတွေဟာ သူတို့အနားမှာ အမှတ်မထင်ဆီးသွားမိသူရဲ့ ဆီးလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်။

https://s9.kh1.co/__image/w=600,h=344,q=100/a3/a332867187ca61e5e4a7975f4549cc489bffe0bb.jpg
https://s9.kh1.co/__image/w=650,h=488,q=100/78/781a7953792a3778c6e1a4379a63391b185b0462.jpg

အဲ့ဒီနောက်ထောင့်တစ်ထောင်မှာကပ်ပြီး သွေးနဲ့ ခန္ဓာကိုယ်ထဲက စွန့်ပစ်ထားတဲ့အရာတွေကိုစားသုံးပြီး အသက်ရှင်နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက အမျိုးသားတစ်ဦးဟာဆိုရင်လည်း အမေဇုန်မြစ်ဝှမ်းတစ်လျှောက်ငါးဖမ်းနေရင်း အမှတ်တမဲ့ အပေါ့သွားမိလိုက်ရာကနေ ဆီးလမ်းကြောင်းကနေ ဒီငါးဝင်လာတဲ့အတွက် ခွဲစိတ်ကုသခဲ့ရပါသေးတယ်။

https://s9.kh1.co/__image/w=600,h=330,q=100/36/3622d3220b4fa1b53c11c4ab0eba644924dc141d.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T