ဖုန်းဆော့လို့ဆိုပြီး အိမ်ကရိုက်နှက်ကာမောင်းထုတ်လိုက်တာကြောင့် တံတားပေါ်ကနေခုန်ချဖို့ကြိုးစားနေတဲ့ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/a9/a94d7b2f1a39a8e15511a55dafc826f831b556f1.jpeg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ဖုန်းဆော့လို့ဆိုပြီး အိမ်ကရိုက်နှက်ကာမောင်းထုတ်လိုက်တာကြောင့် တံတားပေါ်ကနေခုန်ချဖို့ကြိုးစားနေတဲ့ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ ပြည်သူတစ်ဦး

ပြည်သူလူထုကတော့ မိမိရဲ့မျက်စိရှေ့မှာ အခက်အခဲဖြစ်နေတဲ့သူတွေကို တွေ့တိုင်း စေတနာအပြည့်နဲ့ကူညီပေးလိုက်တာဖြစ်ပါတယ်။ဒီကာလမှာဆိုရင် စားဝတ်နေရေးကြပ်တည်းလို့ ကိုယ်ကိုယ်ကို သတ်သေဖို့ကြိုးစားနေကြတဲ့သူတွေကိုလည်း ပြည်သူတွေကကယ်တင်ပေးနေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ညနေ (၆)နာရီအချိန်တွင် မိုးညှင်းမြို့၊သံတံတားပေါ်မှ ကလေးငယ်တစ်ယောက် ခုန်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အဲ့ဒီမြင်ကွင်းကိုတွေ့မြင်သွားတဲ့ မိန်းကလေးလည်း ကလေးကို ပြေးဆွဲပြီး "ဘာလို့ခုန်ချတာလဲ" လို့မေးခဲ့တာဖြစ်ပါတယ်။ကလေးကတော့ "အိမ်ကဖုန်းဆော့လို့ရိုက်ပြီးမောင်းထုတ်ခဲ့တာ"ဆိုပြီး ပြန်ဖြေပါတယ်။ကလေးလေးကဦးလေး၊အဒေါ်တွေနဲ့ နေထိုင်ပြီး မိဘတွေကတော့ စစ်ကိုင်းမှာလို့သိရပါတယ်။(၄)တန်းအရွယ်ပဲရှိသေးတဲ့ ကလေးကို ကယ်တင်ပေးတဲ့မိန်းကလေးလည်း အိမ်ခေါ်သွားပြီး မုန့်ကျွေးထားတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder

ကယ်တင်ရှင်မိန်းကလေးအနေနဲ့လည်း ကလေးကို အိမ်မှာခေါ်ထားလို့အဆင်မပြေတာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာတာဖြစ်ပါတယ်။ကလေးကတော့ သူမနဲ့ပဲ နေချင်တယ်လို့ပြောပြီး အိမ်ပြန်ရမှာ အရမ်းကြောက်နေရှာတာဖြစ်ပါတယ်။ဒါ့ကြောင့် မိန်းကလေးက ကလေးစိတ်ကျေနပ်အောင် ခဏခေါ်ထားပြီး လူသားအချင်းချင်းကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးခဲ့ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T