ပရိတ်ရွတ်ဖတ်နေစဉ် အသံသိပ်မထွက်တတ်တာကြောင့် သံဃာအချင်းချင်းပြစ်တင်ဝေဖန်ရာမှ သည်းမခံနိုင်ဘဲ ဓါးထိုးမှုဖြစ်ပွား

//s9.kh1.co/9f/9f50b676722c1faef7bb21d4af2771b7d41b9169.png
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

..

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်းပလွေးမြို့နယ် ဘန်းစီထောင်းရပ်ကွက် ဝပ်ဆိုင်းဘုန်းတော်ကြီးကျောင်းမှာ စက်တင်ဘာ (၂၈) ရက် ညနေ (၅) နာရီအချိန် သံဃာနှစ်ပါး အချင်းချင်းစကားများရန်ဖြစ်ကာ ကုဋီထဲတွင် ဓါးထိုးမှုဖြစ်ကြောင်းကို ကျောင်းထိုင်ဆရာတော်မှ သက်ဆိုင်ရာကိုအကြောင်းကြားတိုင်ချက်ဖွင့်ခဲ့တာ ကြောင့် တာဝန်ရှိသူရဲများက ပြစ်မှုကျူးလွန်သူ ဥူးဇင်းကို လူဝတ်လဲစေကာဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

Photo Credit - SiThu Maung's FB Acc
Photo Credit - SiThu Maung's FB Acc

ဖြစ်စဉ်မှာ အသက် (၃၇) နှစ်အရွယ် လူအမည် ချန်ချိုင်းဆိုသူသည် ရဟန်းဝတ်ဘဝနဲ့ ယခုဘုန်းကြီးကျောင်းမှာဝါဆိုနေပြီး ယခင်ကဆွမ်းစားပင့်ခြင်း အိမ်သစ်တက်ပင့်ခြင်းတို့ကို သိပ်ကြွလေ့မရှိပေမယ့် ယခုနောက်ပိုင်း ကျောင်းသံဃာအင်အားနည်းပါးလာတာကြောင့် မကြာခဏအပြင်ကိုကြွရသလို နာရေးဈာပနပင့်ရင်လည်းကြွရတယ်လို့ဆိုပါတယ်။ နာရေးတစ်ခုကို ပင့်ဖိတ်စဉ် ပရိတ်တရားများရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ ၎င်းမှာ အသံမထွက်တဲ့အတွက် " ဖရဘွန်းလို့ " အမည်ရတဲ့ကိုယ်တော်ကမကြာခဏဆိုသလို သူ့ကိုပြသနာရှာလေ့ရှိကြောင်းပြောခဲ့ပါတယ်။

Photo Credit - SiThu Maung's FB Acc
Photo Credit - SiThu Maung's FB Acc

ပရိတ်သုတ်တော်တွေဝါးချတယ်ဆိုပြီး ကျောင်းကိုပြန်ရောက်တိုင်းပြစ်တင်ကဲ့ရဲ့ဝေဖန်မှုတွေကို သည်းခံခဲ့ပေမယ့် အခင်းဖြစ်ပွားရာနေ့မှာတော့ သည်းခံခဲ့သမျှကို စိတ်မထိန်းနိုင်တော့ဘဲ အသင့်ဆောင် ထားတဲ့ (၅) လက်မအသွားဓားနဲ့ ပြစ်တင်ခဲ့သူ ဥူးဇင်းကို ကုဋီထဲထိလိုက်ပြီး ထိုးခဲ့ကြောင်း ဝန်ခံ ဖြောင့်ချက်ပေးခဲ့ပါတယ်။ သွေးအိုင်ထဲလဲနေတဲ့ဘုန်းဘုန်းကိုတော့ ပရဟိတအဖွဲ့တွေက ဆေးရုံကို အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်လို့သိရှိရပါတယ်။ ပြည်သူတွေကို တရားပြနေတဲ့ သံဃာတော်တွေ ကိုယ်တိုင် စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ပြုမူမိတာဟာ မဖြစ်သင့်တဲ့လုပ်ရပ်တစ်ခုပါ။

Photo Credit - SiThu Maung's FB Acc
Photo Credit - SiThu Maung's FB Acc

သတင်း အရင်းအမြစ်SiThu Maung's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T