ကလေးတွေသေတဲ့အခါ သစ်ပင်‌ကြီးတွေထဲကို ထည့်သွင်းမြှုပ်နှံလေ့ရှိတဲ့ အင်ဒိုနီးရှားရွာငယ်လေး

//s9.kh1.co/4c/4c147d8cf37f08b32e2b23bdb8c83c6c570dbf24.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အင်ဒိုနီးရှားဘက်မှာဆိုရင် ပရိသတ်တို့ အတွက် အထူးအဆန်းတွေဖြစ်နေစေမယ့် ရွာဓလေ့တွေအယူအဆတွေကို များစွာတွေ့မြင်နိုင်ပါတယ်။ သေပြီးသားလူတွေကို ပြန်ဖော်ပြီးတော့ အဝတ်အစားတွေဝတ် သန့်ရှင်းရေးတွေလုပ်ပေးတတ်တဲ့ အင်ဒိုနီးရှားရွာလေးအကြောင်းကိုလည်း ပရိတ်သတ်တို့လည်းသိပြီးသားဖြစ်မှာပါ။ ဒီတစ်ခုကလည်း အဆိုပါရွာလေးရဲ့ နောက်ထပ်ထူးဆန်းတဲ့ အယူအဆဓလေ့တစ်ခုဖြစ်တာကြောင့် ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=430,q=100/8a/8acea24d333891a7c20250f396f7d8c3faf065e4.jpg

အင်ဒိုနီးရှားမှာ ထူးဆန်းတဲ့ရွာလေး တစ်ရွာ ရှိပါတယ်။ ရွာလေးဟာ ရှေးဘုရင်တွေရဲ့ လက်အောက်ခံမင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ရွာလေး တစ်ခုဖြစ်ပြီး Tana Toraja ဆိုတဲ့ အမည် ရှိပါတယ်။ အဲ့ဒီရွာလေးမှာဆိုရင် ရှေးခေတ် အယူအဆတွေ မပျောက်သေးပါဘူး။ သူတို့ဟာ ကလေးငယ်လေးတွေသေတဲ့အခါကျရင် အဝတ်နဲ့ပတ်ပြီးတော့ အလွန်ကြီးမားတဲ့ သစ်ပင်ကြီးတွေရဲ့အထဲမှာ သစ်ပင်ကို အခေါင်းပေါက်ပြုလုပ်ပြီး မြှုပ်နှံကြပါသတဲ့။

https://s9.kh1.co/__image/w=600,h=451,q=100/17/17d14802a5594dcf073d9ddf1e3360ef1ed3bfb1.jpg
https://s9.kh1.co/__image/w=600,h=800,q=100/37/37c1e1ceeb0a6f7e131742e3b64e226d070857f6.jpg

သူတို့ ဓလေ့ယုံကြည်မှုကတော့ ကလေးငယ်လေးတွေရဲ့ ဝိညာဉ်တွေဟာ သဘာဝသစ်ပင်တွေပေါ်မှာမှီခိုပြီးတော့ လေနဲ့အတူ အဝေးကို လွတ်လပ်စွာရောက်ရှိသွားဖို့အတွက် ရည်ရွယ်တယ်လို့ဆိုထားပါတယ်။ တည်ရှိတဲ့နေရာကတော့ Makassar မြို့ရဲ့ မြောက်ပိုင်း ၁၈၆ မိုင်အကွာ ဆူလာဝါဆီ ရဲ့တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေထဲက သစ်ပင်ကြီးတွေမှာ ကလေးငယ် လေးတွေရဲ့ရုပ် အလောင်းတွေရှိပါတယ်။ ကြောက်စရာလည်းကောင်း အံ့ဩစရာလည်းကောင်းတဲ့ ဒီအင်ဒိုနီးရှားရွာလေးကတော့ အထူးတကာ အထူးဆန်းဆုံးတွေထဲက တစ်ခုလို့ပြောရင် မှားမယ်မထင်ပါဘူး။

https://s9.kh1.co/__image/w=650,h=432,q=100/e3/e336454e4a8952c6d10cb721807773dfb938ed70.jpg
https://s9.kh1.co/__image/w=650,h=488,q=100/5c/5cd793e5f5d9b2c8e0f4fa58d5224d2954560734.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T