"သူငယ်ချင်းတွေရဲ့ Types အမျိုးအစားများ " - Myanmarload

"သူငယ်ချင်းတွေရဲ့ Types အမျိုးအစားများ "

https://s9.kh1.co/88/88d9265fc9f2d202cde2a6e6b25af72b53d0f0c7.jpeg
ဗဟုသုတအဖြာဖြာ
 11-Oct-2021 4pm · 12 days ago

" သူငယ်ချင်းတွေရဲ့ Types အမျိုးအစားများ "

၁။ကျန်းမာရေးအရမ်းလိုက်စားတဲ့သူ

သူကတော့ အစားအသောက် စားတာကအစ ဒါက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဒါကတော့မညီညွတ်ဘူး။အမြဲတမ်းသူ့ခန္ဓာကိုယ်ကို ဂရုစိုက်နေတတ်သလို ကိုယ့်သူငယ်ချင်းတွေရဲ့ ကျန်းမာရေးအတွက်ကိုလည်း စိတ်ပူတတ်တဲ့သူငယ်ချင်းမျိုးပါ။

https://s9.kh1.co/__image/w=650,h=366,q=100/1d/1dd2b321c66723c266fa288bb6dc4b3a83de2754.jpeg
Photo Credit -  Google

၂။အမြဲတမ်းဟာသပြောတတ်တဲ့သူ

သူကတော့ အမြဲတမ်းဟာသတွေနဲ့ နေတဲ့သူပါ။သူကိုယ်တိုင်ကလည်း ဟာသပြောတတ်သလို သူ့သူငယ်ချင်းတွေကိုလည်း အမြဲတမ်းစနှောက်တတ်တဲ့သူငယ်ချင်းမျိုးပါ။သူနဲ့တွေ့လိုက်ရရင် ရီနေရတယ်ဆိုတာမျိုးပါ။

https://s9.kh1.co/__image/w=650,h=341,q=100/8a/8a8a86d8f1e40ffea0feadce44401ac298de4672.png
Photo Credit - Google

၃။တစ်ခုခုလုပ်တော့မယ်ဆိုရင် အစီအစဥ်ဆွဲတတ်တဲ့သူငယ်ချင်း

သူကတော့ ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာကအစ အသေးစိတ် Plan ဆွဲတတ်တဲ့သူငယ်ချင်းမျိုးပါ။သူရဲ့ စည်းစနစ်ကျတဲ့ Plan တွေကြောင့် သူငယ်ချင်းတွေ အဆင်ပြေတာရှိသလို တစ်ခါတစ်ခါသူ့ရဲ့ Plan တွေကြောင့်ပဲ လွဲချော်တာတွေ ဖြစ်တတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/99/9956de1c9a09d791d8678893e8f40cdbf7798eb5.jpeg
Photo Credit - Google

၄။အမြဲတမ်းမအားတဲ့သူ

သူငယ်ချင်းတွေနဲ့အပြင်တစ်ခုခုသွားမလို့ ချိန်းတော့မယ်ဆိုရင် သူဟာ အမြဲတမ်းအလုပ်မအားတတ်တဲ့သူတစ်ယောက်ပါ။တစ်ခါတစ်လေ လာမယ်လို့ပြောပြီးမှ မအားလို့ဆိုပြီး အမြဲတမ်းမအားတတ်တဲ့သူငယ်ချင်းမျိုးပါ။

https://s9.kh1.co/__image/w=650,h=434,q=100/dc/dce43e68136b0812080ee4d1fb341ba4f3c9760a.jpeg
Photo Credit - Google

၅။အရမ်းဂရုစိုက်တဲ့သူ

သူကတော့ သူ့ကိုယ်ကိုရော ဂရုစိုက်သလို သူ့သူငယ်ချင်းတွေကိုပါ ကြင်နာမှုအပြည့်နဲ့ ဂရုစိုက်ပေးတတ်သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/c7/c789355679176ddc41b41b640409203fa30aa88e.jpeg
Photo Credit- Google

၇။အလုပ်အရမ်းကြိုးစားတဲ့သူ

ဒီသူငယ်ချင်းမျိုးကတော့ အလုပ်နဲ့ပတ်သက်ရင် အရမ်းကြိုးစားတဲ့သူငယ်ချင်းမျိုးဖြစ်သလို သူဘဝတိုးတက်ဖို့အတွက် အမြဲနည်းလမ်းရှာနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူက သူတိုးတက်ဖို့အတွက် ကြိုးစားရင်း သူ့သူငယ်ချင်းတွေကိုပါ အတူလက်တွဲခေါ်တတ်တဲ့သူငယ်ချင်းမျိုးဖြစ်ပါတယ်။

သင့်မှာ ဒီလိုသူငယ်ချင်းမျိုးတွေရှိနေတယ်ဆိုရင်တော့ သင်က ကံအကောင်းဆုံးလူသားတစ်ယောက်
ဖြစ်နေပါပြီ။

Hsu Ei Khin
Arche

ဆက်စပ်ဆောင်းပါး