ရုရှားနိုင်ငံအလယ်ပိုင်းမှာ အပျော်တမ်း လေထီးခုန်သမားများ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လူ(၁၆)ဦးထိသေဆုံး

//s9.kh1.co/1b/1b4894e7aa211c01d282e6b8e3e5efa1b36315f9.jpg
နေ့စဉ်သတင်းများ

 ၁၁-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ရုရှားနိုင်ငံအလယ်ပိုင်းမှာ အပျော်တမ်းလေထီးခုန်သမားများ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ အောက်တိုဘာ (၁၀) ရက်ကပျက်ကျခဲ့ရာ လူ (၁၆) ဦး သေဆုံးခဲ့ကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ လူ ၂၂ ဦး တင်ဆောင်လာတဲ့ ချက်နိုင်ငံထုတ် L-410 လေယာဉ်ဟာ ဒေသစံတော်ချိန်နံနက် (၉) နာရီ (၂၃) မိနစ် တာတာစတန်နိုင်ငံကို ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Photo Credit - AFP
Photo Credit - AFP
Photo Credit - AFP
Photo Credit - AFP

နိုင်ငံတကာသတင်းရဲ့ စာမျက်နှာမှာတော့ ပြင်းပြင်းထန်ထန် ပျက်ကျသွားတာကြောင့် L-410 လေယာဉ်ဟာ အတော်လေးကို ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ လေယာဥ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ (၂၂)ဦးအနက်မှ (၆) ဦးကို အသက်ရှင်လျက်နဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်(၁၆)ဦးကတော့ သေဆုံးသွားခဲ့ပါတယ်။

Photo Credit - AFP
Photo Credit - AFP
Photo Credit - AFP
Photo Credit - AFP

လေယာဥ်ပျက်ကျခဲ့တဲ့နေရာသို့ တာတာစတန်နိုင်ငံအကြီးအကဲ Rustam Minnikhanov တို့က သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပျက်ကျသွားခဲ့တဲ့ Menzelinsk ကလပ်က အပျော်တမ်းလေယာဉ်​ကနေ အင်ဂျင်ချို့ယွင်းကြောင်း အရေးပေါ်ဆင်းသက်နိုင်ရန် သတင်းပို့ခဲ့ပြီးနောက် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ရုရှားဟာ လေယာဉ်မတော်တဆမှုတွေနဲ့ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော်လည်း မကြာသေးမီ နှစ်များက လေကြောင်းအသွားအလာ လုံခြုံမှုကိုတိုးတက်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - AFP/ABC News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T