မူးယစ်ဆေးဝါးများကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြတဲ့ မံမီရုပ်အလောင်းများ

//s9.kh1.co/44/44ff8a6aad61545e3eca9fd0a181674d3e98c59a.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများများစွာတည်းက ပြုလုပ်ခဲ့တဲ့ မံမီ ရုပ်အလောင်းတွေမှာ မူးယစ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ အဆိုပါ တွေ့ရှိချက်အသစ်ကြောင့် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက လူသားတွေဟာ မူးယစ်ဆေးသုံးစွဲတတ်နေပီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=861,q=100/fd/fd985a3533d4b5eb5fd45ba95ecf6725fb7d3486.jpg
https://s9.kh1.co/__image/w=600,h=424,q=100/a4/a4e1a41fc2f9ba0a7d0a2ec0dd86579c309b5ef4.jpg

ဂျာမနီ နိုင်ငံမှ သုတေသန ပညာရှင်တစ်စုဟာ အီဂျစ်က မံမီရုပ်အလောင်းများတွင် ကိုကင်းနှင့် မူးယစ်ဆေးဝါး အကြွင်းအကျန်များ တွေ့ရှိခဲ့ရကြောင်း ၁၉၉၂ ခုနှစ်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာ ရှေးခေတ် လူ့အဖွဲ့အစည်း အတွင်း စိတ်အာရုံကို ထွေပြားစေသည့် အရာများအား သုံးစွဲခဲ့မှုကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြသူများ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း ပညာရှင်တွေဟာ မံမီနဲ့ပတ်သက်တဲ့ အကြောင်းအရာမ‌ျားကို လေ့လာနေကြတုန်းပါပဲ။

https://s9.kh1.co/__image/w=600,h=349,q=100/f1/f114e7c91e661ad4596494e4a145478b3150097b.jpg
https://s9.kh1.co/__image/w=600,h=382,q=100/5c/5c6967cb1d9cda0d0b1109ee015f13ae8c5b195c.jpg

နီကိုတင်းနှင့် ကိုကင်းတို့ဟာ အမေရိကတိုက်တွင်သာ တွေ့ရသည့် အပင်များ ဖြစ်ကြပါတယ်။ ဒါပေမယ့် အီဂျစ်ဟာ အမေရိကတိုက်မှ လူများနှင့် ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံမှု ရှိခဲ့ကြောင်း ဒေါက်တာဘာလဘနိုဗာနှင့် အဖွဲ့က မှန်းဆခဲ့ကြပါတယ်။ မှန်းဆချက်သာ မှန်မယ်ဆိုရင် အီဂျစ်‌ေတွဟာ အနောက်ကမ္ဘာခြမ်းကို ဥရောပသားတို့ထက် စောစွာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်ပဲ အီဂျစ်တွေဟာ မူးယစ်ဆေးကို ရှေးယခင်ကတည်းက သုံးစွဲနိုင်ချေရှိပါတယ်။

https://s9.kh1.co/__image/w=600,h=285,q=100/44/444ab479b96bb4b09adb0192a7d17b720fcbfe49.jpg
https://s9.kh1.co/__image/w=600,h=399,q=100/2b/2bfca1277c1c75610ab0087f2aa67f1d008f07e3.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T