ရုပ်ရည်ချောမောလှပပြီး ပီပြင်အသက်ဝင်လွန်းတဲ့ အနုပညာအရည်အချင်းတွေကြောင့် Instagram မှာ 8 ယောက်မြောက် Follower အများဆုံး ဖြစ်လာတဲ့ထိုင်းမင်းသမီးလေး Baifern - Myanmarload

ရုပ်ရည်ချောမောလှပပြီး ပီပြင်အသက်ဝင်လွန်းတဲ့ အနုပညာအရည်အချင်းတွေကြောင့် Instagram မှာ 8 ယောက်မြောက် Follower အများဆုံး ဖြစ်လာတဲ့ထိုင်းမင်းသမီးလေး Baifern

https://s9.kh1.co/66/66a38c9a0e85cc0c22184c86ba0f2abdd8ba3b66.jpg
အနုပညာရှင်များ
 13-Oct-2021 3pm · 13 days ago

ဂုဏ်ယူပါတယ် Baifern လေးရေ ....

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ Baifern Pimchanok ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ် ။ တရုတ်-ထိုင်း ကပြားမင်းသမီး​လေးဖြစ်တဲ့ Baifern က ချောမောလှပပြီး ပီပြင်အသက်ဝင်လွန်းတဲ့ အနုပညာအရည်အချင်းတွေကြောင့် အခုအချိန်အထိ အောင်မြင်မှုရနေတာ ဖြစ်ပါတယ် ။

https://s9.kh1.co/__image/w=650,h=808,q=100/d6/d61b9d88fa68b9c7564b5b72e59fdf58829cca51.jpg
Photo Credit : Baifernbah's IG Acc

"Crazy Little Thing Called Love" ဇာတ်ကားနဲ့လူသိများခဲ့တဲ့ Baifern က "Lhong Fai, The Fallen Leaf" စတဲ့ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=588,h=828,q=100/ac/ac0f279e31eca39e8d4bb9aa42e04acfd3a30a3f.jpg
Photo Credit : myCast.io
https://s9.kh1.co/__image/w=650,h=806,q=100/88/88aef7e741a6051ec5e5d6a886eb56cd08b8a682.jpg
Photo Credit : Baifernbah's IG Acc

Baifern က TV Series, Movies, Music Videos တွေရိုက်ကူးနေရတဲ့အပြင်အနုပညာလောကထဲမှာ သြဇာလွှမ်းမိုးမှုကြီးမားတဲ့ brand endorser တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ သွားတိုက်ဆေး၊ လေအေးပေးစက်၊ ရှန်ပူ၊ ကော်ဖီ၊ အလှကုန်၊ အဖျော်ယမကာနဲ့ တခြား ကုန်ပစ္စည်းများစွာတို့ရဲ့ မျက်နှာဖုံးလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/ec/ec3bc92be09e4a5fc77b57396cd39605fcf5f957.jpg
Photo Credit : Baifernbah's IG Acc

 Baifern ကတော့ Social Media Plat form ဖြစ်တဲ့ Instagram မှာ Follower ပေါင်း ၉ သန်းကျော် (9,020,930) နဲ့ (၈) ယောက်မြောက် Follower အများဆုံး ထိုင်းမင်းသမီးလေးဖြစ်လာခဲ့ပါတယ်။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့တဲ့ သူမရဲ့ popularity က သူမကိုယနေ့မှာ Thai entertainment industry ရဲ့ လူကြိုက်အများဆုံးမင်းသမီးတစ်လက်ဖြစ်စေခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=813,q=100/11/11ae65a00d606d7b1dbe59f15c8772ab6a22be52.jpg
Photo Credit : Baifernbah's IG Acc

ဒါ့ပြင် သူမရဲ့ Official Facebook page မှာ 9.6 million followers ၊ official twitter account မှာ 57.5K followers ၊ Weibo မှာလည်း 5.97million followers ၊ Tik Tok မှာ 286.8K followers နဲ့ YouTube channel လေးမှာလည်း အခုဆိုရင် followers အရေအတွက် 226K followers ထိကို အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ Baifern ကိုချစ်တဲ့ပရိသတ်တွေကလည်း Baifern အတွက် Congratulation စကားလေးတွေ ပြောပေးခဲ့ကြပါဦး။

https://s9.kh1.co/__image/w=650,h=708,q=100/54/54ecc46bd0d87c340721a422ee2f4cee0c2aa491.jpg
Photo Credit : Baifernbah's IG Acc
https://s9.kh1.co/__image/w=650,h=808,q=100/2f/2f224bc1da6cacceeb714fd1368b09b2cda0ddda.jpg
Photo Credit : Baifernbah's IG Acc

Source : Thai Update 

Cherry Nwe Oo
CNO

ဆက်စပ်ဆောင်းပါး