ဆွမ်းခံကြွချီးအပြန်လမ်းမှာ ခြေတော်စုံတောင် မထောက်နိုင်တော့တဲ့အထိ ပင်ပန်းနွမ်းနယ်တော်မူနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စိတ်မကောင်းစရာ မြင်ကွင်းတချို့

//s9.kh1.co/55/554ce9acb9dd4b58833cc477bfdfa1bf4cef8be6.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

သီလဂုဏ်၊သမာဓိဂုဏ်တွေနဲ့ ပြည့်စုံတော်မှုတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ စိတ်မကောင်းစရာအဖြစ်ကို ယမန့်နေ့က လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ပုံတွေအရ ကြားသိရပါတယ်။ ဒါကတော့ အနယ်နယ်အရပ်ရပ်ကနေ အနီးကပ် လာရောက်ဖူးမြော်သူတွေကို ဆွမ်းခံကြွချီးမြှောက်ခဲ့ပြီး ကျောင်းတော်သို့အပြန်လမ်းမှာ ခြေတော်စုံမထောက် နိုင်တော့တဲ့အထိ ပင်ပန်းနွမ်းနယ်နေတာကြောင့် တပည့်ဒါယိကာတွေကကူတွဲသွားခဲ့တဲ့ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သက်တော် (၈၀) နှစ်ကျော်ပြီဖြစ်တဲ့ ဆရာတော်ဘုရာကြီးဟာ ကပ်ကြီးသုံးပါးကနေ ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ဖို့ ရောဂါဝေဒနာစွဲကပ်နေတဲ့ ခန္ဓာကိုယ် ပင်ပန်းမှုကို ပဓာနမထားဘဲ ဝါဆိုလပြည့်ကျော် တစ်ရက်‌‌နေ့ကစပြီး ဆွမ်းခံကြွချီးမြှောက်တော်မူနေတာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ ကြားသိရတာကတော့ ဆရာတော်ဘုရာကြီးဟာ အစာအိမ်ရောဂါ ၊ခြေဖဝါးရိုးအထဲထိ စွဲကပ်နေတဲ့ နာတာရှည်အရိုးပိုးဝင်ရောဂါအပြင် အာရုံကြောထုံနာကျင်နာရောဂါတွေကို စွဲကပ်နေတယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မိမိခန္ဓာအရေးထက် ခုနှစ်ရက်သားသမီးတွေအတွက် ဂရုဏာကြောင့် နေပူမရှောင်မိုးရွာ မရှောင်ဘဲ အပင်ပန်းခံကာ ဆွမ်းခံကြွချီးမြှောက်တော်မူနေတာ ဖြစ်ပါတယ်။ ဆွမ်းခံကြွချီးအပြန် ခြေတော်စုံတောင် မထောက်နိုင်တော့တဲ့အထိ ပင်ပန်းတော်မူနေတဲ့ ဆရာတော်ဘုရားကြီးရဲ့အဖြစ်ကို တွေ့မြင်ကြရတဲ့ တပည့်သံဃာ၊ ဒါယိကာ၊ဒါယိကာမ တို့က စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဆရာတော်ဘုရားကြီးဟာ သီတင်းကျွတ်လပြည့်နေ့အထိ နောက်ဆုံးဆွမ်းခံကြွမှာဖြစ်​ပြီး ရက်ပိုင်းမျှသာဖူးမြှော်ခွင့်ရကြတော့မှာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Dr. Okay Okay

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T