မြန်မာစကားကို မပီကလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့ ဆုတောင်းပေးနေတဲ့ တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ရဲ့ ဗီဒီယိုဖိုင် - Myanmarload

မြန်မာစကားကို မပီကလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့ ဆုတောင်းပေးနေတဲ့ တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ရဲ့ ဗီဒီယိုဖိုင်

https://s9.kh1.co/1d/1d97184310c51ce2e6b656187cfc2bfce3adbce3.jpg
အနုပညာရှင်များ
 14-Oct-2021 10am · 10 days ago

မြန်မာစကားကို မပီကလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့ ဆုတောင်းပေးနေတဲ့ တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ရဲ့ ဗီဒီယိုဖိုင်

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ဟာဆိုရင် တိုင်းတစ်ပါးမှာရှိနေပေမယ့် မြန်မာလူမျိုးတွေနဲ့ တစ်သားတည်းရပ်တည်ပေးနေတဲ့ တောင်ကိုရီးယားလူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/89/894f0711c56ff748e77f4d213f4e9ebe8a749993.jpg
Lee Seo Ho's Facebook
https://s9.kh1.co/__image/w=650,h=868,q=100/3e/3e960cbcee6756ebb06250887b8183c0c7eddfbc.jpg
Lee Seo Ho's Facebook

Lee Seo Ho ဟာ မြန်မာပြည်အတွက် ရန်ပုံငွေအလှူခံပွဲတွေမှာ ပါဝင်ပေးခဲ့ရုံမက မြန်မာလူမျိုးတွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့ အမျိုးမျိုး ကြိုးစားပေးနေတဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာလည်း သူက မြန်မာစကားကို လေ့လာထားတာကြောင့် မြန်မာလိုလေး မပီပလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့အတွက် ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်သွားနိုင်ပါတယ်။

ဒီဗီဒီယိုလေးက Lee Seo Ho အချိန်မအားတဲ့ကြားကနေ မြန်မာပြည်သူတွေအတွက် ရအောင် ရိုက်ကူးပေးထားတဲ့ ဗီဒီယိုလေးဖြစ်ပြီး လက်သုံးချောင်ထောင်ကာ သေသေချာချာ ဓာတ်ပုံလေးတွေပါ ရိုက်တင်ချင်ပေမယ့် အချိန်မအားတာကြောင့် မရိုက်ဖြစ်ဘဲ အခုလို ဗီဒီယိုလေးပဲ တင်ဖြစ်တာလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/b4/b4e44ce6b2d701801413f27212517a87ef3a01de.jpg
Lee Seo Ho's Facebook
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်ဆောင်းပါး