မီးပွိုင့်အနီးမှာ ကားပေါ်ကနေ ပစ်ချစွန့်ပစ်တာခံရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိတ်မကောင်းစရာ အခြေအနေကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/83/83e0ec05dbd935d25190fda68e7732c71948e681.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အနယ်နယ်အရပ်ရပ်မှာ စွန့်ပစ်ခံရတဲ့ လူမယ်အရွယ် ကလေးသူငယ်တွေကို သူတို့ရဲ့အနာဂတ်အိမ်မက်တွေ တောက်ပလာစေဖို့အတွက် ခေါ်ယူပြီး မိခင်အရင်းသဖွယ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ လေးစားစရာ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသဖို့ ငွေကြေးမတတ်နိုင်တဲ့ သူတွေကိုလည်း အစစအရာရာ လိုလေသေးမရှိအောင် ကူညီထောက်ပံ့မှုတာတွေလည်း ရှိ​တာတွေ့ရပါတယ်။

Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai

ယနေ့မှာလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်မှာ လူမမယ် ကလေးငယ်တစ်ယောက် လာရောက်စွန့်ပစ်ခဲ့တဲ့ အကြောင်းကို ဖော်ပြလာတာ တွေ့ရပါတယ်။ စွန့်ပစ်ခံရတဲ့ ကလေးငယ်ဟာ ဉာဏ်ရည်နိမ့်ပါးတယ်လို့လည်း သိရပါတယ်။ အဆိုပါ ကလေးငယ်ကို တောင်ဥက္ကာလာရှိ ရတနာလမ်းထောင့် မီးပွိုင့်အနီးတွင် Hijet ကားပေါ်ကနေ ပစ်ချပြီး စွန့်ပစ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai

ရုပ်ပုံတွေအရ ဆာလောင်မွတ်သိပ်နေတဲ့ စွန့်ပစ်ခံရကလေးငယ်ကို စားသောက်စရာလေးတွေကျွေးပြီး လိုအပ်တာများ လုပ်ဆောင်ပေးဖို့ ခေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။ စိတ်မကောင်းစရာကတော့ ကလေးငယ်လေးဟာ ဉာဏ်ရည်နိမ့်ပါးတဲ့အပြင် စကားလည်းမပြောတ တ်သလို ကလေးဗိုက်မှာလည်း ဗိုက်ခွဲရာများ တွေ့ရတယ်လို့လည်း ခိုင်နှင်းဝေက ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai

သတင်း အရင်းအမြစ်Source - Khine Hnin Wai

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T