စွန့်ပစ်ခဲ့တဲ့ ဉာဏ်ရည်နိမ့်ပါးကလေးလေးကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူမရဲ့ဂေဟာမှာစောင့်ရှောက်ကာ ၂၄ နာရီ ကလေးပိုင်ရှင်ရှိမရှိ စောင့်ကြည့်သွားမယ်လို့ ဆိုလာတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေ - Myanmarload

စွန့်ပစ်ခဲ့တဲ့ ဉာဏ်ရည်နိမ့်ပါးကလေးလေးကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူမရဲ့ဂေဟာမှာစောင့်ရှောက်ကာ ၂၄ နာရီ ကလေးပိုင်ရှင်ရှိမရှိ စောင့်ကြည့်သွားမယ်လို့ ဆိုလာတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေ

https://s9.kh1.co/77/77f8035877610520b1f29feaf808ba7a69ad50f1.jpg
အနုပညာရှင်များ
 14-Oct-2021 12pm · 10 days ago

စွန့်ပစ်ခဲ့တဲ့ ဉာဏ်ရည်နိမ့်ပါးကလေးလေးကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူမရဲ့ဂေဟာမှာစောင့်ရှောက်ကာ ၂၄ နာရီ ကလေးပိုင်ရှင်ရှိမရှိ စောင့်ကြည့်သွားမယ်လို့ ဆိုလာတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေ

ပရဟိတမင်းသမီးတစ်ဦးလည်းဖြစ်သလို ရင်သွေးလေးများဂေဟာကို ထူထောင်ထားတဲ့ ခိုင်နှင်းဝေဟာ ဒီနေ့ အောက်တိုဘာ၁၄ ရက်နေ့မှာ တောင်ဥက္ကာလာ ရတနာလမ်းထောင့် မီးပွိုင့်မှာ Hijet ကားပေါ်မှ ပစ်ချပြီး ကလေးလေးကို စွန့်ပစ်သွားကြောင်းဖုန်းဆက်အကြောင်းကြားလာတဲ့အတွက် သူမဟာ သွားရောက်ပြီး ကလေးလေးကို သူမရဲ့ဂေဟာသို့ ခေါ်ဆောင်လာခဲ့ကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/83/838f40cd58ddf3262580cacddba06a1af0cda0f4.jpg
Photo Credit - Khine Hnin Wai's Facebook
https://s9.kh1.co/__image/w=650,h=867,q=100/51/51fe7b07f08134f185e31c8e2a7bb4b1e7b974e6.jpg
Photo Credit - Khine Hnin Wai's Facebook

ဆက်လက်ပြီးတော့လည်း သူမဟာ သိပ်မကြာခင်ကပဲ Post တစ်ခုတင်ခဲ့ပါတယ်။ကလေးလေးဟာ သူမရဲ့ဂေဟာကို ရောက်ရှိနေပြီးဖြစ်ကြောင်းနဲ့ တကယ်လို့ ကလေးပျောက်တိုင်ကြားထားသူများရှိပါက သူမကို ဆက်သွယ်နိုင်ကြောင်း ရေးသားထားသလို ကလေးပိုင်ရှင် ရှိ/မရှိကိုလည်း ၂၄ နာရီစောင့်ကြည့်သွားမယ်ဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/44/4482cbff35388a165572fe17266669cd3fdf8b3a.jpg
Photo Credit - Khine Hnin Wai's Facebook

သတင်းအရင်းအမြစ်Khine Hnin Wai

Hsu Ei Khin
Arche

ဆက်စပ်ဆောင်းပါး