မွေးကတည်းက မျက်လုံးမပါလာတဲ့ တရုတ်ပြည်က ကလေးငယ်

//s9.kh1.co/cb/cb16e43ea50d82b007bdf73bdbf37fb40b4b607b.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ သူမ‌ျားနဲ့မတူညီကြပဲ မွေးဖွားလာကြတဲ့သူတွေရှိပါတယ်။ အဲ့လိုသူတွေထဲမှာ တော်တော်များများဟာ အစိတ်အပိုင်း အပိုတွေနဲ့အတူ မွေးဖွားလာကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခုဖော်ပြမယ့်ကလေးကတော့ အစိတ်အပိုင်းအပိုတွေနဲ့ မွေးဖွားလာတာမျိုးမဟုတ်ပဲ မျက်လုံးမပါပဲ မွေးဖွားလာတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=406,q=100/bc/bcd28089a0d215e20276de80b1c78b195021d0d9.jpg
https://s9.kh1.co/__image/w=634,h=433,q=100/c7/c7732948b0d674732ddcb90a89ba01db82ebe007.jpg

ဒီဖြစ်ရပ်ကတော့ တရုတ်ပြည်မှာ ဖြစ်ခဲ့ပြီး ကလေးတစ်ယောက်ဟာ မွေးကတည်းက မျက်လုံးမပါခဲ့ပါဘူး။ သူ့အမေက ကလေးမှာ မျက်လုံးမပါတဲ့ သိလိုက်ရတဲ့ အချိန်မှာတော့ အတော်စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးက ကလေးအယောက် ၁ သိန်းမှာ တစ်ယောက်သာ ဖြစ်တက်ပြီး အဲ့လိုဖြစ်တဲ့ ကလေးက ဘယ်တော့မှ အမြင်အာရုံရရှိနိုင်မှာ မဟုတ်တော့ပါဘူး။

https://s9.kh1.co/__image/w=634,h=404,q=100/da/da7a0327a13e374d200713bb88edabc34ab2c2cf.jpg
https://s9.kh1.co/__image/w=634,h=447,q=100/53/53d8b57b51f83a3031b2a26d6966c4393c4021ba.jpg

ကလေးရဲ့မိသားစုက Guangzhou ကပိုကြီတဲ့ ဆေးရုံဆီကနေ အကူအညီတောင်းထားပြီး တခြား ရောဂါတွေလည်း ရှိမရှိ စစ်ဆေးနေပါတယ်။ ကလေးရဲ့ရှေ့ရေးအတွက် လှူဒါန်းမှုတွေရဖို့ မျှော်လင့်ပြီး လောလောဆယ်မှာတော့ မျက်လုံးပါမလာတာကလွဲရင် တခြားကလေးတွေလိုဘဲ ကျန်းကျန်းမာမာတော့ရှိသေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=634,h=355,q=100/83/83c34827b77d8db17919742b7dc3bb9d2a536c5a.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T