ကျောင်းလခအတွက် အပျိုစင်ဘ၀ကို လေလံတင်ရောင်းချခဲ့တဲ့ ရုရှားသူ

//s9.kh1.co/69/6993561e537d53a6b0c42fd926367b7957cf0859.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ခုချိန်ထိ အပျိုစင်အနေနဲ့ပဲ ရှိသေးတဲ့ ကျောင်းသူတစ်ယောက်က ပြည်ပမှကျောင်းတက်ဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို အွန်လိုင်းမှာ လေလံတင်ရောင်းချနေပါတယ်။ လူတော်တော်များများဟာလည်း ပထမဆုံးအကြိမ်ဟာ အထူးခြားဆုံးဖြစ်တာမို့ ကိုယ်ချစ်တဲ့သူနဲ့ မျှဝေခံစားကြတယ်လို့ သတ်မှတ်ထားကြပါတယ်။ သူမနာမည်ကို Ariana လို့သာသိရှိထားပြီး အသက် ၂ဝ သာရှိသေးတဲ့ ရုရှားသူလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=590,q=100/e6/e6ac6e0f064e336dabdde78fba385cb0b75475f3.jpg
https://s9.kh1.co/__image/w=634,h=796,q=100/dc/dc6da1b00ba624a82c16e5143eeac907852cd4f4.jpg

Website ကနေတစ်ဆင့် လေလံက ပေါင် တစ်သောင်းသုံးထောင်ကျော်နဲ့ စျေးဖွင့်ထားပါတယ်။ သူမက ဆေးပညာကို တခြားနိုင်ငံမှာသင်ယူလို့တယ်လို့ ပြောကြားပြီး ကျောင်းလခကအရမ်းစျေးမြင့်မှာမို့ ဒီလိုလုပ်ရတာလို့ ပြောပါတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်လို့ရပင်မဲ့ စာကိုဘဲအာရုံစိုက်ပြီး ပိုက်ဆံအတွက် စိတ်မပူချင်လို့ ဒီလိုလုပ်ရတာပါတဲ့။ သူ့ကိုယ်သူ မှားတယ်လို့တော့ မထင်ဘူးလည်း ပြောပါတယ်။

https://s9.kh1.co/__image/w=634,h=850,q=100/30/309cb0a27a54d04ccb294313a9974d73f8be2b7b.jpg
https://s9.kh1.co/__image/w=634,h=828,q=100/bd/bdb37e1750bfca260e7ee11c927446a1c20fd1ea.jpg

ဒီနည်းလမ်းက အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နည်းလမ်းလို့လည်း ပြောကြားခဲ့ပါတယ်။ သူမရဲ့ မိဘတွေကလည်း မချမ်းသာတဲ့အတွက် ပညာသင်ဖို့က ဒီနည်းလမ်းကလွဲရင် မရှိဘူးလို့ ဆိုပါတယ်။ မိဘတွေက သူမဆုံးဖြတ်ချက်ကို မသိသေးပင်မဲ့ သိတဲ့အခါမှာလည်း နားလည်အောင် အခြေအနေကို ရှင်းပြပေးပါမယ်တဲ့။ Ariana ရဲ့သူငယ်ချင်းဖြစ်သူ Lolita ဟာလည်း သူမလိုပဲ အပျိုစင်ဘ၀ကို အွန်းလိုင်းမှာ ရောင်းချထားပါတယ်။ သူမကတော့ အသက် ၂၁ နှစ်ရှိပြီး ဘာအတွက်ကြောင်း လေလံတင်ထားမှန်း မသိသေးပါဘူး။

https://s9.kh1.co/__image/w=634,h=949,q=100/dd/dd7528f069426155c25db8936ca4458dd8adbe4c.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T