ထိုင်းနိုင်ငံ Muang ခရိုင်အတွင်းမှာ မြစ်ကမ်းပါးတစ်လျှောက် ဆိုးဆိုးဝါးဝါး မြေပြိုကျမှုတွေဖြစ်ပေါ်ပြီး လူနေအိမ်တချို့ ပါသွားခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/54/549d92ae9b18a2fc1458e569cf74e63a253543f1.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ထိုင်းနိုင်ငံ Muang ခရိုင်အတွင်းမှာ အောက်တိုဘာ (၁၃) ရက်က မြေပြိုကျမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း နိုင်ငံသတင်းများဖော်ပြလာတာတွေ့ရပါတယ်။ မြစ်ကမ်းပါးများပြိုကျခဲ့တဲ့ ကျေးရွာများဟာ Pa Sak မြစ်တစ်လျှောက်ရှိ Mu 1, Na Chang, Mueang District, Saraburi ကျေးရွာများမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ကမ်းပါးများပြိုကျမှုကြောင့် မြစ်ကမ်းပါးတစ်လျှောက်ရှိ လူ​နေအိမ်အနည်းဆုံး (၃) လုံးအပြင် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိ အဆောင်တစ်ဆောင်လည်း ပါသွားခဲ့ပြီး သက်တော် (၈၀)နှစ်ရှိတဲ့ ဘုန်းကြီးတစ်ပါးလည်း ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ Sao Hai ခရိုင်၊ Saraburi ခရိုင်တွေမှာလည်း (၃) မီတာလောက် ရေတက်ခဲ့ပြီး ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိမှာတော့ မြစ်ကမ်းပါးပြိုကျသွားတဲ့ ကျေးရွာများကို တာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။ လူမှုကွန်ယက်မှာ ဖော်ပြလာတဲ့ ရုပ်သံဖိုင်တွေအရ မြစ်ကမ်းပါးများဟာ တဖြည်းဖြည်းနဲ့ လျှောကျသွားပြီး သစ်ပင်များနှင့် အိမ်တွေကိုပါ ဆွဲချသွားတာ တွေ့ရပါတယ်။ ဒီမြင်ကွင်းတွေကတော့ ထိုင်းပြည်သူတွေကြားမှာ တုန်လှုပ်စရာလည်း ဖြစ်ခဲ့ရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T