ဖျော်ဖြေရေးသက်တမ်း ၁၃ နှစ်ပြည့် နှစ်ပတ်လည်လမှာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ IU - Myanmarload

ဖျော်ဖြေရေးသက်တမ်း ၁၃ နှစ်ပြည့် နှစ်ပတ်လည်လမှာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ IU

https://s9.kh1.co/37/3786825cf03834a66c7cf2b99e3afa5048279061.jpg
အနုပညာရှင်များ
 14-Oct-2021 4pm · 9 days ago

ဖျော်ဖြေရေးသက်တမ်း ၁၃ နှစ်ပြည့် နှစ်ပတ်လည်လမှာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးလှူဒါန်းမှုပြုလုပ်ခဲ့တဲ့ IU အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ IU

တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် IU ဟာဆိုရင် သူမရဲ့ ဖျော်ဖြေရေးသတ်တမ်း ၁၃ နှစ်ပြည့် နှစ်ပတ်လည်လ စက်တင်ဘာလမှာ  မရှိဆင်းရဲသားတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်း နီးပါး တန်ကြေးရှိတဲ့ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=614,q=100/1c/1c4c9d094cfc83d8c04a9bc28e7a2d1c5ba6bb7c.png
Google

သူမလှူဒါန်းမှုတွေထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲက အစားအသောက်နှင့်ဆေးဝါးတွေကို ပရဟိတအဖွဲ့အစည်းတွေထံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဖိနပ် အရံ ၁၀၀၀ ၊ ဆောင်းရာသီဝတ်စုံနှင့် အပေါ်ဝတ်ကုတ် အင်္ကျီ အထည် ၂၀၀၀ ၊ ခြုံစောင် ၃၀၀ နှင့် အရေးပေါ်ဆေးဝါးပစ္စည်း အမျိုး ၂၀၀၀ တို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူမအသက် ၂၈ နှစ်ပြည့်ခဲ့တဲ့ မေလ ၁၆ ရက်နေ့တုန်းကလည်း ဝမ် သန်း ၅၀၀ လှူဒါန်းခဲ့ပါသေးတယ်။ IU ဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာ (၁၈)  မှာ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေး ၊ ချိုမြိန်တဲ့ အသံလေးနဲ့ ယနေ့အထိအောင်မြင်မှုရရှိနေတဲ့ ကောင်မလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/03/03411f5e75d931b5b71543563e4ea2637bead221.jpeg
Google
https://s9.kh1.co/__image/w=650,h=842,q=100/a9/a989f0c81efcf662909e46be08714cfbacd1c541.jpg
Google

IU ရဲ့ နာမည်အရင်းက Lee Ji-eun ဖြစ်ပါတယ်။ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်သလို Moon Lovers: Scarlet Heart Ryeo (2016) ၊ My Mister (2018) နှင့် Hotel Del Luna (2019) စတဲ့နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ IU ရဲ့ အယ်လ်ဘမ် အသစ်လေးဖြစ်တဲ့ Strawberry Moon ဟာဆိုရင်လည်း လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=460,h=268,q=100/d6/d6b357a8a707a03974d173497fc6ab3259b8c33e.jpg
Google
https://s9.kh1.co/__image/w=300,h=360,q=100/35/351b0426a5466d47380a0b6eb603636cdf22a0ee.jpg
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်ဆောင်းပါး