ဆောက်လက်စ အိမ်တစ်လုံးကို ပြုပြင်နေရင်း ပြိုကျသွားခဲ့လို့ လူသေဆုံးမှုပါ ဖြစ်ပေါ်စေခဲ့တဲ့ တောင်ကြီးမြို့က စိတ်မကောင်းစရာဖြစ်ရပ်

//s9.kh1.co/d5/d58925f0a94aa2aade11ec9c2dd011bc29f03adf.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဆောက်လုပ်ရေး လုပ်ငန်းခွင်တချို့တွေမှာ သတိမထားမိတဲ့ အရာတွေကနေ လူအသက်သေစေလောက်တဲ့အထိ မတော်တဆဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ (၁၄) ရက်နေ့မှာလည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ကြားသိရပါတယ်။ ဒါကတော့ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ နယ်မြေ(၆)က ဇောတိကလမ်းမှာ ဆောက်လက်စ RC(၁)ထပ် အိမ်တစ်လုံးကို ပြုပြင်နေရင်း အမိုးပြိုကျမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD

ပြုပြင်နေစဥ်အတွင်း ပြိုကျသွားခဲ့တဲ့ အမိုးဟာ အလုပ်သမား(၂)ဦးပေါ်သို့ ကျရောက်သွားခဲ့တာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ အမိုးပိမိခဲ့တဲ့ အလုပ်သမား (၂)ဦးအနက် (၁)ဦးဟာ နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ သူနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတော့ ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD

အဆိုပါဖြစ်စဥ်ကို တောင်ကြီးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ စိတ်မကောင်းစရာ ဒီဖြစ်ရပ်လေးကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

Photo Credit - MSFD
Photo Credit - MSFD
Photo Credit -Original Upload 
Photo Credit -Original Upload 

သတင်း အရင်းအမြစ်Source - MSFD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T